AD
AD
AD

၂၀၁၇ ခုနှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ သရုပ်ဆောင်ထွန်းထွန်းကတော့ ဒီနှစ်က သူ့အတွက် တော်တော် လေး ပင်ပန်းခဲ့တဲ့ နှစ်လို့ ဆိုပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ အကယ်ဒမီအရုပ် ရလိုက်တဲ့အတွက်လည်း တွန်းအားတစ်ခုဖြစ်ခဲ့တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီနှစ်က တော်တော်လေးလည်း ပင်ပန်းတယ် အလုပ်တွေအများကြီး စုပြုံပြီးလက်ခံထားလို့တော့မဟုတ်ဘူး။ တစ်လမှာ တစ်ကားရိုက်ရင် တောင်မှ အဲ့ဒီတစ်ကားက တော်တော်လေးပင်ပန်းတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ အကယ်ဒမီအရုပ်ရလိုက်တယ်ပေါ့နော် ထပ်ပြီးတော့လည်း ဒီအလုပ်တွေမှာ အကောင်းဆုံး တွန်းအားပေးဖို့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် motivation ဖြစ်စေတဲ့အရာတစ်ခုပါ'' လို့ သူကဆိုပါတယ်။

play

 

မကြာခင်ရိုက်ကူးသွားဖို့ရှိတဲ့ တန်ဖိုးရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာကလည်း သူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ ပြောပြခဲ့ပါ သေးတယ်။

'' ဒီဇာတ်ကားထဲမှာရှိတဲ့ ကာရိုက်တာပုံစံက သဘာဝကျကျသရုပ်ဆောင်နိုင်ရမယ်၊ အဲ့ဒါကိုမြင်ပြီးတော့ ဒီဇာတ်ကားရိုက်မယ့် ဒါရိုက်တာနဲ့အတူ အဖွဲ့သားတွေက ကျွန်တော့်ကို ယုံကြည်စွာနဲ့အလုပ်လာအပ်တဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာတယ်။ နေ့တိုင်း Challenge တွေချည်းပဲ ဆိုတော့ ပျော်တယ်'' လို့ ထွန်းထွန်းက ပြောပါတယ်။

play

 

သရုပ်ဆောင် ထွန်းထွန်းကတော့ တန်ဖိုးရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကိုယ်ထင်ရာကိုယ်ဇွတ်လုပ်တတ်ပြီး တစ်ကိုယ်ကောင်းဆန်၊ တစ်ဇောက် ကန်း လုပ်တတ်တဲ့ နိုင်နိုင် ဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

Photo: Duwun , ထွန်းထွန်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD