သရုပ်ဆောင်အေးမြတ်သူကတော့ အခုလက်ရှိမှာ တန်ဖိုးရုပ်ရှင်ဇာတ်ကားကြီးကို ကိုရီးယားဒါရိုက်တာ နဲ့ အတူ ရိုက်ကူးရမှာဖြစ်ပြီး သူ့အနေနဲ့ လူမျိုးခြားဒါရိုက်တာတွေနဲ့ ဇာတ်ကားရိုက်တဲ့အခါ အချိန်တိကျမှုနဲ့ အလုပ်စေ့စပ်သေချာမှုတွေကို အဓိကထားတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' အေးမြတ်သူက လက်ရှိမှာလည်း ယိုးဒယားကလူတွေနဲ့လည်းရိုက်ဖြစ်တယ်၊ တချို့ဇာတ်လမ်းတွဲတွေဆိုရင် ယိုးဒယားက Crew တွေနဲ့ယိုးဒယား နိုင်ငံမှာ သွားရိုက်တယ်။ ရန်ကုန်မှာလည်း ရိုက်ဖြစ်တာရှိတော့ လူမျိုးခြားနဲ့အလုပ်လုပ်ရတာ အရမ်းကြီး စိတ်ထဲထားရတာတော့ မရှိဘူး အဓိက က ကိုယ်သည် အချိန်ကို ပိုတိကျရမယ်၊ အလုပ်လုပ်တဲ့နေရာမှာ ပိုပြီး စေ့စပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အမြင်မှာ အေးမြတ်သူလို့ မမြင်ပဲ မြန်မာသရုပ်ဆောင်တစ်ယောက်လို့ပဲ မြင်တာကြောင့် အဲ့ဒီအတွက်တော့ သတိထားပါတယ်'' လို့ ဆိုပါတယ်။

play

 

အေးမြတ်သူအနေနဲ့ အခုလက်ရှိရိုက်ကူးတော့မယ့် တန်ဖိုး ရုပ်ရှင်ဇာတ်ကားကြီးကို ကိုရီယားနိုင်ငံသားဒါရိုက်တာနဲ့ ရိုက်ကူးမှာဖြစ်တဲ့အတွက် ဇာတ်ကားလေးရဲ့ အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' အေးမြတ်သူကတော့ မိဘမဲ့ တစ်ကောင်ကြွက် မူးယစ်ဆေးရောင်းချတဲ့ကောင်မလေးတစ်ယောက်။ ပြီးတော့ အမှတ်တမဲ့ သူသံယောဇဉ် တွယ်မိတဲ့ ကောင်လေးနဲ့ ဇာတ်လမ်းလေးပေါ့နော်။ ဒီဇာတ်လေးကိုဖတ်ရင်းနဲ့ ရလိုက်တဲ့အရာတစ်ခုက လောကမှာ ဘယ်နေရာမှာမှ အမှိုက်ဆို တာမရှိဘူး၊ ဘာမှအသုံးမတည့်တဲ့ သူဆိုတာမရှိဘူး။ အသုံးမဝင်တဲ့သူဆိုတာ မရှိဘူး လူတိုင်းလူတိုင်း၊ အရာဝတ္ထုတိုင်းက သူ့နေရာနဲ့သူ တစ်ခုစီ ကတော့ တန်ဖိုးရှိကြတယ်။'' လို့ ဆိုပါတယ်။

play

 

တန်ဖိုးရုပ်ရှင်ဇာတ်ကားကိုတော့ ခါကာဘိုရာဇီ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အနုပညာ တက္ကသိုလ် မှာတက်ရောက်ပညာသင်ကြားနေတဲ့ ဒါရိုက်တာ John La Raw က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီဇင်ဝိုင်း၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ ခင်ဇာခြည်ကျော် နဲ့ အေးမြတ်သူ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

photo: အေးမြတ်သူဖေ့စ်ဘုတ်, Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video