သရုပ်ဆောင်ခင်ဇာခြည်ကျော်ကတော့ နေရယ်၊ လရယ်၊ အမှန်တရားရယ် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ(ဒုတိယပိုင်း) မှာ လွှတ်တော်အမတ်နေရာ က ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ သူ့ရင်ထဲက စကားသံတွေကိုလည်း Duwun Media ကနေ အခုလိုပြောပြ ခဲ့ပါ တယ်။

play

 

'' ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နေရယ်၊ လရယ်၊ အမှန်တရားရယ်ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေး Season 2 ရိုက်ဖို့ရှိပါတယ်။ အဲ့ဒါကတော့ ဒါရိုက်တာ ဦးအောင်ကိုလတ်ရိုက်မှာပါ။ Second Season မှာကျတော့ အစ်မက လွှတ်တော်အမတ်ဖြစ်သွားပြီ၊ မြန်မာရဲ့ အလှအပတွေကိုလည်း ဖော်ကျူးရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်သွားပြီပေါ့နော်။'' လို့ သူကဆိုပါတယ်။

play

 

လွှတ်တော်အမတ်နေရာက ပါဝင်သွားမယ့် ခင်ဇာခြည်ကျော်ကတော့ သူ့ရဲ့ ကာရိုက်တာအတွက်ပြင်ဆင်နေဖြစ်ပုံကိုလည်း အခုလိုပြောပြခဲ့ပါ သေးတယ်။

'' နေရယ်၊ လရယ်၊ အမှန်တရားရယ် ရိုက်တဲ့အဖွဲ့အစည်းက အရမ်းကြီးတယ်၊ အန်တီဆွေဇင်ထိုက်ရယ်၊ ပြီးတော့ ပျိုးပင်ဆိုတာက အင်္ဂလန် သံရုံးက အဖွဲ့ပေါ့နော်၊ နောက်ထပ် Production တစ်ခုပါ သေးတယ် သူတို့တွေအားလုံးပေါင်းပြီးတော့ လုပ်ထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် အဝတ်အစားတွေတစ်ခုခု ချို့ယွင်းမှုရှိရင်လည်း ချက်ချင်းပြန်ပြီးတော့ စီစဉ်ပေးမယ်လို့ပြောပါတယ်။ ဇာတ်ညွှန်းဖတ်တာတောင်မှ အခု ဒုတိယ အကြိမ် ပြန်ဖတ်နေတယ်လို့ သိရတယ်။ အစ်မအနေနဲ့ကတော့ လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ ကိုယ့်ကာရိုက်တာ၊ ကိုယ့်အဝတ်အစား မှန်အောင် ပြင်ဆင်ထားပါတယ်" လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။

play

 

နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံဇာတ်လမ်းတွဲကိုတော့ ပရိသတ်များစွားအားပေးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ဒုတိယပိုင်းကိုလည်းးအောင်မြင်မယ်လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။

'' Second Series လည်းအောင်မြင်လိမ့်မယ်လို့ထင်ပါတယ်။ ဒီဇာတ်ကားလေးက လူကြိုက်လည်းများတဲ့ဇာတ်ကားလည်းဖြစ်တယ် ဇာတ်လမ်း လေးကလည်း Message ပေးတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက် ဒုတိယအပိုင်းမှာလည်း ပိုကောင်းလိမ့်မယ်လို့ထင်ပါတယ်။ ဇာတ်အပြောင်းအလဲလေးတွေကတော့ ဇာတ်ညွှန်းမဖတ်ရသေးလို့ သိပ်မသိပါဘူး'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ခင်ဇာခြည်ကျော်ကတော့ အခုလက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ တန်ဖိုးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတယ် လို့သိရပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ထွန်းထွန်းရဲ့ အစ်မနေရာက ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ကိုယ်ပိုင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ၂၀၁၈ ခုနှစ်ထဲမှာ ရုံတင်သွားမယ်လို့ ဆိုပါတယ်။

photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘုတ်, Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video