AD
AD
AD

သရုပ်ဆောင်ခင်လှိုင်ကတော့ တောကျီးကန်း(သို့မဟုတ်)ခိုးဆိုးလုနှိုက် ၂ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ခဲ့စဉ်က ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်စိတ် တွေ နဲ့ ရိုက်ခဲ့ရတဲ့အမှတ်တရတွေ အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားကို ကျွန်တော်တို့ရိုက်ခဲ့တဲ့အချိန်မှာ အရမ်းကို အန္တရာယ်များခဲ့ပါတယ်။နောက်ကနေပြီးတော့ သုံးဘီးဆိုင်ကယ်နဲ့ ကုန်ကား နောက် ကို လိုက်တဲ့အခန်းတွေမှာဆိုရင် ကျွန်တော်ခေါင်းကွဲသွားတယ်၊ အဲ့ဒီအပြင် တွဲပြီးတော့ရိုက်တဲ့အချိန်မှာ သံပိုက်လုံး ၂လုံးဘေးနားမှာဆွဲ ပြီး တော့ တန်းထားတဲ့ သံပိုက်လုံးနှစ်ချောင်းက ကွေ့တွေကျလို့ ကွေးသွားရင် ကိစ္စမရှိဘူး။ ကျွန်တော့်စိတ်ထင် အကယ်၍များ အရှိန်နဲ့ကျိုးပြီးတော့ တစ်ခုခုလာစိုက်မှာအရမ်းကြောက်တယ်။ ဒါပေမယ့် ဒါရိုက်တာခိုင်းတဲ့အတိုင်း အပီပြင်ဆုံးဖြစ်အောင်လုပ်ခဲ့ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ဇာတ်ကားရိုက်နေရင်း ခေါင်းကွဲသွားလို့ ၄ ချက်ချုပ်လိုက်ရတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' ကျွန်တော် ခေါင်းကွဲသွားတယ်ပေါ့နော်။ အဲ့ဒီဇာတ်ကားမှာ မှတ်မှတ်ရရ ကျွန်တော့်ခေါင်း ၄ ချက်ချုပ်ခဲ့ရတယ်၊ မြင့်မြတ်က ခြေသည်းကြီး လန် သွားတယ်။ ကျွန်တော်တို့ ထိခိုက်ဒဏ်ရာတွေလည်း ရကြတယ်။ မနက်ပိုင်းဆိုရင် ကျွန်တော်တို့ ၄ နာရီထရိုက်တာတို့၊ ၅ နာရီထရိုက်တာတို့ ဒါရိုက်တာ ကိုစတီးလ်က မနက်အစောကြီးတွေ ထရိုက်တာလည်းရှိတယ်။ ပင်လည်းပင်ပန်းတယ် ပင်ပန်းရကျိုးလည်း နပ်မယ်လို့ထင်ပါတယ်'' လို့ ခင်လှိုင်က ပြောပါတယ်။

play

 

သရုပ်ဆောင်ခင်လှိုင့်အနေနဲ့ တောကျီးကန်းရုပ်ရှင်ဇာတ်ကားမှာ တောက်တဲ့ဆိုတဲ့ ဇာတ်ကောင်ကာရိုက်တာနဲ့ သရုပ်ဆောင်ထားတာ ဖြစ်ပါ တယ်။ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ Yangon to Thailand ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ပြည်ဟိန်းသီဟ နဲ့ ရိုက်ကူး နေတယ်လို့ သိရပါတယ်။

Photo: ခင်လှိုင့်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD