AD
AD
AD

သရုပ်ဆောင် မိုးဟေကိုရဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကတော့ ၃ နှစ်ကျော်ကာလကို ရောက်ခဲ့ပါပြီ။

ထုတ်လုပ်ရေးကနေရိုက်ကူးလိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေရရှိခဲ့ပေမယ့် ဒီအကြောင်းအရာကို သူ့အနေနဲ့ အောင်မြင်တယ်လို့ မသတ်မှတ်သေးဘူးလို့  Duwun Media ကနေပြောပြခဲ့ပါတယ်။

play

'' မိုးရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားတွေအတွက် ပြင်ဆင်နေတာကြောင့် ပရိသတ်အကြိုက်နဲ့ ထပ်တူကျမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ကို မထင်ဘူး အရင်ကလည်း သရုပ်ဆောင်ဘက်မှာ ကိုယ့်ကိုယ်ကို အောင်မြင်တယ်လို့ မသတ်မှတ်ဘူး။ အခုလို ထုတ်လုပ်ရေးလုပ်တော့လည်း အလုပ်လေးအနေနဲ့ပဲတွေးတယ်။ အောင်မြင်တယ်လို့ မတွေးဘူး အကောင်းဆုံးဖြစ်အောင် အမှားနည်းအောင်ပဲ လုပ်တာပေါ့'' လို့ သူကဆိုပါတယ်။

play

 

ထုတ်လုပ်ရေးကိုပဲ အာရုံစိုက်နေရတဲ့ သူ့အနေနဲ့ သရုပ်ဆောင်ဘက်ကိုတော့ ဇာတ်လမ်းနဲ့ကာရိုက်တာ ရွေးချယ်ရိုက်ကူးသွားမယ့် အကြောင်းကို လည်း ပြောပြ ခဲ့ပါသေးတယ်။

'' သရုပ်ဆောင်နဲ့ပတ်သက်ပြီးတော့လည်း အလုပ်လေးတွေလျှော့နေတယ်။ သို့ပေမယ့်လို့လည်း ကိုယ့်ကိုချစ်တဲ့ပရိသတ်တွေကလည်း ကိုယ့်ကိုကြည့်ချင်တယ်။ ကိုယ်လည်း အားတယ်၊ အမေလည်း ကျန်းမာတယ် ရိုက်ချင်စိတ်လည်းရှိတယ်၊ ဇာတ်လမ်း ကိုယ်နဲ့လိုက်ဖက်တယ်၊ ကိုယ်လည်းကြိုက်တယ် အချိန်ပေးနိုင်တယ်ဆိုရင် ရိုက်ဖြစ်ပါမယ်။ ၂၀၁၈ မှာ ရိုက်မယ့် ဇာတ်ညွှန်းတွေလည်း ဖတ်နေပါတယ်'' လို့ ဆိုပါတယ်။

play

 

မိုးရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကားကြီးကစပြီး ရုပ်ရှင်ဇာတ်ကားလည်းအောင်မြင်ခဲ့သလို ထုတ်လုပ်ရေးအနေနဲ့ ကလည်း နာမည်ရ ရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ တောကျီးကန်း(သို့မဟုတ်) ခိုးဆိုးလုနှိုက် ၂ ရုပ်ရှင်ဇာတ်ကားကိုလည်း ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD