၂၀၁၇ခုနှစ်ကုန်တော့မှာဖြစ်တဲ့အတွက် ဒီနှစ်တစ်နှစ်တာကတော့ သူ့အတွက် Lucky ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်တဲ့အကြောင်း ၂၀၁၈ ကိုလည်း သယ်ဆောင်သွားချင်တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အရမ်းကို Lucky ကောင်းတဲ့နှစ်ပဲ။ အနုပညာသက်တမ်းတစ်လျှောက်မှာ ၂၉ နှစ်ကစလို့ ၃၀ ဟာ ပိုပြီးတော့ ကံကောင်းလာတယ်၊ ၃၁ ဆိုတော့လည်း ကံပိုကောင်းလာတဲ့အတွက် ၂၀၁၇ ရဲ့ ကံကောင်းခြင်းတွေအားလုံးကို ၂၀၁၈ ကို သယ်ဆောင်သွားချင်ပါတယ်။ ၂၀၁၈ မှာလည်း လိုချင်ပါသေးတယ်'' လို့ ဆိုပါတယ်။

play

 

အေးမြတ်သူနဲ့အတူ သူ့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေအတွက်လည်း ဆုမွန်ကောင်းတောင်းခဲ့ပါသေးတယ်။

'' မကြာခင်မှာ ၂၀၁၈ လည်းရောက်တော့မယ်။ အေးမြတ်သူအတွက်ကတော့ ကံကောင်းခြင်းတွေရခဲ့တယ် ၂၀၁၇ က ဒီတော့ ပရိသတ်တွေ အားလုံးလည်း ၂၀၁၇ မှာ ရရှိခဲ့တဲ့ ကံကောင်းခြင်းတွေအားလုံးကို ၂၀၁၈ ကို သယ်ဆောင်နိုင်ပြီးတော့ ၂၀၁၈ မှာ ၂၀၁၇ ထက် ပိုမိုကောင်းမွန် သော အခွင့်အလမ်းတွေ၊ ဘဝရဲ့ အဆုံးအဖြတ်တွေ လုပ်ငန်းတွေစိတ်အကြံအစည်တွေ အောင်မြင်ကြပါစေလို့'' သရုပ်ဆောင်အေးမြတ်သူက ဆုတောင်းပေးခဲ့ပါတယ်။

play

 

သရုပ်ဆောင်အေးမြတ်သူကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။ အခုလက်ရှိမှာ တန်ဖိုးရုပ်ရှင်ဇာတ်ကားကို လက်ခံရိုက်ကူးနေတာဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းချတဲ့ ကောင်မလေးတစ်ယောက်ကာရိုက်တာနဲ့ ပါဝင် သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

photo: အေးမြတ်သူ ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video