သရုပ်ဆောင်ခင်လှိုင်ကတော့ ၂၀၁၇ ခုနှစ်ထဲမှာ ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်းများသလို ရုံတင်ထားတဲ့ရုပ်ရှင်ဇာတ်ကား တွေ ကလည်း အများကြီးပါပဲ။ သူ့အတွက် လုပ်ကွက်ရတဲ့ ဇာတ်ကောင်လေးတွေရိုက်ကူးခွင့်ရတဲ့အတွက် ကြိုးစားမှုတွေ အရာထင်လာတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်က ၁၇ ဆိုတော့ ၈ ဂဏန်းသမားပေါ့။ ကျွန်တော်က April 17 မွေးတာပါ။ အဲ့ဒါကြောင့်လားမသိဘူး ၂၀၁၇ မှာ ကျွန်တော့် အကျိုးပေး ဂဏန်းကြောင့်လား ကျွန်တော့် ကြိုးစားမှုတွေ အရာထင်တယ်လို့ပြောရမယ်။ ကျွန်တော်ပါဝင်ခွင့်ရတဲ့ ဇာတ်ကားတွေမှာ ကျွန်တော် ထင်ထင်ပေါ်ပေါ်လေးနဲ့ ပရိသတ်အသိအမှတ်ပြုခြင်းခံရတယ်'' လို့ သူကဆိုပါတယ်။

play

 

ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကြောင့် ၂၀၁၇ က Lucky နှစ်ဖြစ်တယ်လို့ ပြောပြခဲ့ပါသေးတယ်။

'' ရှေ့မှာဆိုရင် Original Gangstar တင်သွားတယ်၊ ပြီးတော့ ပရိသတ်တွေရဲ့ ပါးစပ်ထဲမှာ ထန်းပင်ကျရေ ဆိုတဲ့ မယားကြောက်ရွာဆိုရင်လည်း ပါဝင်ရတဲ့ အခန်းက နည်းတယ်ဆိုပေမယ့် ပရိသတ်တွေအရမ်းအားပေးတာခံရတယ်။ ၂၀၁၇ ကတော့ ကျွန်တော့်အတွက် Lucky နှစ်လို့ ပြောလို့ရမယ် ထင်ပါတယ်'' လို့ ခင်လှိုင်က ပြောပါတယ်။

play

 

သရုပ်ဆောင်ခင်လှိုင့်အနေနဲ့ ၂၀၁၇ ခုနှစ်ထဲမှာ ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း လက်မလည်အောင်ပါပဲ။ ရုံတင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေကိုလည်း ပရိသတ်က အားပေးကြလွန်းလို့ သူ့အတွက် တကယ်ကို အားရစရာကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှားမှု အနေနဲ့ မကြာခင်ကမှ Yangon to Thailand ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာပြည်ဟိန်းသီဟနဲ့ ရိုက်ကူးပြီးခဲ့တယ်လို့ သိရပါတယ်။

photo: ခင်လှိုင့်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video