ဆိုင်းကြိုက်မောင်ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီး ထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း Duwun Media ကနေ တဆင့်အမှတ်တရစကားပြောပြခဲ့ပါတယ်။

play

 

ကိုပေါက်(ဒါရိုက်တာ)

____________________

အရင်တုန်းကတော့ ကျွန်တော့်ဇာတ်ကားက ဆိုင်းကြိုက်တဲ့မောင်လည်းမဟုတ်ဘူး၊ ကိုသားစိုးရဲ့ ဆိုင်းကြိုက်တဲ့မောင် သီချင်းလည်းမပါဘူး အောင်ပါစေဆိုပြီးရိုက်တာ ကျွန်တော်က ရုပ်ရှင်ရိုက်ရင် အတိတ်နိမိတ်လေးတွေ စဉ်းစားတတ်တော့ ကျွန်တော့် ဒီဇာတ်ကားလေးကို အောင်ပါစေဆိုပြီးတော့ရိုက်ခဲ့တာ ကားကို ဆက်ပြီးတော့ ပရိုဂျူဆာနဲ့တိုင်ပင်တဲ့အခါ ခေတ်နဲ့စနစ်နဲ့အရ ပရိသတ်တွေက ဆူမယ့်အရာမျိုး ကြိုက်တယ်ဆိုတော့ တိုင်ပင်ကြရင်းနဲ့မှ ဆိုင်းကြိုက်တဲ့မောင် ဆိုတဲ့ နာမည်လေးပေးဖြစ်သွားတာ။

play

 

ခင်လှိုင်

__________

ဇာတ်လမ်းရဲ့ပုံစံလေးကတော့ မိဘမေတ္တာဖွဲ့၊ မိဘနဲ့ သားသမီးရဲ့ ကြားထဲက ဟာသဇာတ်မြူးထဲမှာမှ ဒါရာမာဇာတ်လေးလည်း ချိုးထားတယ် ပေါ့နော်။ ဇာတ်ကားလည်း ကောင်းသလို လွမ်းမောဖွယ်ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားလည်း ဖြစ်ပါတယ်။

play

 

ဦးအောင်ခိုင်

_______________

ကိုပေါက်နဲ့ ကိုမိုးဦးက ဦးအောင်ခိုင်ရဲ့စိတ်ကို မြှင့်တင်ပေးတယ်၊ ဦးအောင်ခိုင် ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ဖြစ်တယ်။ ဒါကြောင့် ဗီလိန် အဖြစ် ပါဝင်ဖြစ်တာကလည်း ဦးအောင်ခိုင်ရဲ့ စိတ်ကို မြှင့်တင်တဲ့ အနေနဲ့ ပါဝင်ပြီးတော့ရိုက်တာပါ။

play

 

ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာကိုပေါက် ရိုက်ကူးတဲ့ ဟာသဇာတ်မြူး ဒရာမာရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခန့်စည်သူ၊ မြင့်မြတ်၊ သက်မွန်မြင့်၊ ကျော်ကျော်၊ ဝေလျှံ နဲ့ စိုးနန္ဒာကျော်တို့ က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video