AD
AD
AD

သရုပ်ဆောင်အကယ်ဒမီ ခင်ဇာခြည်ကျော်ကတော့ ၂၀၁၇ခုနှစ်ထဲမှာ အနုပညာအလုပ်တွေအရင်ကထက် ပိုမိုဆောင်ရွက်နေရတာဖြစ်ပြီး ဒီနှစ်ကတော့ သူ့အတွက် ကောင်းခြင်းဆိုးခြင်း ဒွန်တွဲနေတဲ့ နှစ်တစ်နှစ်ဖြစ်တဲ့အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အကောင်းအဆိုး ဒွန်တွဲတဲ့ နှစ်ပါပဲ၊ စိတ်ဖိစီးမှုတွေ အရမ်းကိုများခဲ့တဲ့ နှစ်ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒါကြောင့်မို့လို့ပဲ ၂၀၁၇ မြန်မြန် ကုန်ပါ စေလို့ပဲ ဆုတောင်းနေတယ်။ အကောင်းအဆိုးအမှတ်တရကတော့ လုပ်ငန်းနဲ့ပတ်သက်ရင် အစ်မတို့ကြယ်တံခွန်ထုတ်လုပ်ရေးကနေပြီးတော့ ၂၀၁၇ ခုနှစ်ထဲမှာ ထုတ်လုပ်ရေးအပိုင်းမှာ ဓားဖိုးခေတ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ၂၀၁၇ ခုနှစ်ထဲမှာ ရိုက်ဖြစ်တယ်။ ဒါကတော့ ကောင်းခြင်း နဲ့ ပတ်သတ်တာပါ။'' လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။

play

 

၂၀၁၈ ခုနှစ်မှာလည်း ရိုက်ကူးရေးရက်တွေပြည့်နေတယ်ဆိုတဲ့ ခင်ဇာခြည်ကျော်က ကိုယ်ပိုင်ထုတ်လုပ်ရေးကနေပြီးတော့လည်း ရုပ်ရှင် ဇာတ်ကားရိုက်ဖို့ ရှိသေးတယ်လို့ပြောပြခဲ့ပါတယ်။

'' အဲ့ဒီရဲ့အပေါ်မှာ ထုတ်လုပ်ရေးအပိုင်းပြန်လုပ်လိုက်တဲ့အတွက် စိတ်ဖိစီးမှုတွေကလည်း အများကြီးပဲလေ အဲ့ဒီတော့ အကောင်းအဆိုးတွေ ဒွန်တွဲနေတယ်ဆိုတာ အဲ့ဒါလေးပါ။၂၀၁၈ မှာဆိုရင်လည်း မတ်လ အထိကတော့ရိုက်ရက်က အပြည့်ပါပဲ။ မတ်လ နောက်ပိုင်းမှာလည်း အစ်မတို့ ကြယ်တံခွန်ကနေပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ဒရာမာရိုက်ပါမယ်။ အစ်မပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ၁၅ ကားလည်း ရှိပါ တယ် ၂၀၁၈မှာတော့ ဘယ်ကားရုံတင်မလဲမသိတော့ဘူး'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်ခင်ဇာခြည်ကျော်ကတော့၂၀၁၈ ခုနှစ်ထဲမှာ နေရယ်၊လရယ်၊ အမှန်တရားရယ်ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ လွှတ်တော်အမတ်နေရာက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သူကပြောပါတယ်။

Photo: ခင်ဇာခြည်ကျော်ဖေ့ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD