ဂယ်ပဲသရဲနဲ့ သူငယ်ရွာ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ညက Juction City မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်တဲ့ အမှတ်တရစကားသံတွေကိုလည်း Duwun Media ကနေအခုလိုပြောပြခဲ့ ပါတယ်။

play

 

ခင်လှိုင်

_______

Beauty ရော၊ Special Effect တွေကိုရော ဦးခင်လှိုင်ရိုက်နေကြ လိမ်းပေးနေတဲ့ စိုးစိုးဒါလီကပဲ ပြင်ပေးပါတယ်။ ဦးခင်လှိုင်က ဟာသလည်း ဖြစ်နေတယ် ဆိုတော့ Hair Style ကိုလည်း ရီစရာကောင်းတဲ့ပုံစံမျိုးနဲ့ လုပ်ပေးထားတာကောင်းတယ်။ အဝတ်အစားကိုလည်း အဖြူကြီးမဝတ်ပဲ သခွားရောင် ညအိပ်ဝတ်စုံကို ဝတ်ပြီးသေသွားတယ်ပေါ့။

play

 

ရဲလေး

_________

ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ရတာပျော်တယ် အားလုံးကလည်း ရီကြတယ် ကိုယ်လာတဲ့အခန်းမှာ မရီမှာကို  စိုးရိမ်တာပေါ့နော်။ ဘာပဲပြောပြော ပလော့ဂ်ျတွေပေးတဲ့အတွက် အရမ်းပျော်တယ်။ ကိုပြည်ဟိန်းကိုလည်း ကျေးဇူးတင်ပါတယ်။

play

 

ဂျိုကာ

________

ကျွန်တော်က ဖက်တီးဆိုတဲ့ ကာရိုက်တာနဲ့ပါဖြစ်တယ်။ အဲ့ဒီတုန်းက ကျွန်တော်အခုထက်ပိုဝတယ် လူကလည်း ဝက် ဆံပင်ပုံစံနဲ့ နာမည်က လည်း ကွက်တိဖြစ်သွားတာပေါ့။ ညီအစ်ကိုနှစ်ယောက်ပါပြီး သက်သက်ဆီအပြိုင် ကောင်မလေးကိုလိုက်ရတဲ့ ကာရိုက်တာလုပ်ရတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဘော်ဒါအကန့်တောင်မရှိပဲ မတည့်တာကတော့ အမှတ်တရပါ။

play

 

သြဘာ

________

အသစ်တစ်ယောက်အနေနဲ့ ဘယ်နှစ်ခါကြည့်ကြည့် အားမရဘူး၊ ထပ်ပြီးတော့လည်း ကြိုးစားချင်သေးတယ်။ ကျွန်တော်ကတော့ ရွာတစ်ရွာလုံး မှာ ဆီရောင်းတာပါ။ ဆီရောင်းတာမှ ဟိုရော၊ ဒီရော အကျင့်ပုတ်တဲ့ ရွာသားတစ်ယောက်ပါ။

play

 

ရွှေသမီး

__________

ညီမကို ပရိသတ်တွေက မြင်နေကြကာရိုက်တာလည်းမဟုတ်ဘူး၊ သွက်သွက် လှုပ်လှုပ်ခါခါပုံစံမျိုးလေးပေါ့ ပရိသတ်တွေအတွက် အမြင်စမ်းမှာဖြစ်တဲ့အတွက် နည်းနည်းလေး စိုးရိမ်တယ်ပေါ့။

play

 

ဂယ်ပဲသရဲ နှင့်သူငယ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သရုပ်ဆောင်ထွန်းထွန်း၊ ရဲလေး၊ ဂျိုကာ၊ ခင်လှိုင် နဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၅ ရက်နေ့မှာ စပြီးရုံတင်ပြသ သွားမယ်လို့ သိရပါတယ်။

photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video