AD
AD
AD

ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီးကတော့ နာမည်ကျော်အနုပညာရှင်တွေ စုံစုံလင်လင်ပါဝင်ကြတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကား ဖြစ်ပြီး ဟာသဇာတ်မြူး ဒရာမာ ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်းအကျဉ်းကို Duwun ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

play

 

'' ကုမ္မဏီလုပ်ငန်းရှင်သူဌေးကြီးတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ထွန်းမှာ သားနှစ်ယောက် သမီးတစ်ယောက်ရှိပါတယ်။ သားအကြီးဆုံးကတော့ ဦးမောင်မောင်ထွန်းရဲ့ ကုမ္မဏီလုပ်ငန်းတွေမှာ ပါဝင်ကူညီလုပ်ကိုင်လျှက်ရှိပြီး သမီးအလတ်ကတော့ အလှကုန်ပစ္စည်းဆိုင်ဖွင့်ထားပါတယ်။ သားအငယ်ဆုံးကတော့ ဂီတကို ရူးသွပ်သူတစ်ယောက်ဖြစ်တဲ့အတွက် သီချင်းအခွေထွက်ဖို့ ကြိုးစားနေတဲ့သူဖြစ်ပါတယ်။ ဦးမောင်မောင်ထွန်း ကလည်း သားသမီးသုံးယောက်စလုံးရဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်တဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။

play

 

သားသမီးသုံးယောက်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးခဲ့ပေမယ့် သူတို့ဆီက ချစ်ခြင်းမေတ္တာနဲ့ လေးစားရိုသေမှုကို မရတဲ့ဦးမောင်မောင်ထွန်း ကတော့ နေ့စဉ်နေ့တိုင်း စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ ကျန်းမာရေးချူချာတဲ့အထိဖြစ်ခဲ့ရပါတယ်။ တစ်နေ့မှာ သားသမီးတွေ မသိအောင် ရောက်မိရောက်ရာကို ထွက်လာတဲ့ ဦးမောင်မောင်ထွန်းက တောင်ပေါ်မြို့လေးတစ်ခုကို ရောက်လာခဲ့ပြီး ရှင်လောင်းလှည့်တစ်ခုနဲ့တိုးပြီး ဂျာအေးဆိုတဲ့လူငယ်နဲ့ လမ်းမှာတွေ့ပြီး အနောက်ကနေ မသိမသာလိုက်လာခဲ့ပါတယ်။

play

 

ဂျာအေးကလည်း သူ့အနောက်ကို အမည်မသိတဲ့ သူစိမ်းတစ်ယောက် လိုက်လာတာကြောင့် ကြောက်လန့်တကြားနဲ့ ပြေးပြီး အိမ်ကိုပြန်ရောက် ခဲ့ပါတယ်။ ဂျာအေးမှာ မိန်းမဘက်ကပါလာတဲ့ အစ်ကိုနှစ်ယောက်ရှိပြီး အလုပ်မရှိကြုံရာကျပန်းအလုပ်လုပ်ရင်း အိမ်ရဲ့ မိသားစုကို မိန်းမဖြစ်သူ အပုလေးက ရှာဖွေကျွေးမွေးရပါတယ်။ ဂျာအေးနဲ့ ယောက်ဖနှစ်ယောက်ကလည်း အပုလေးကို ကြောက်ရတဲ့အတွက် အိမ်ကို ညအိပ်ဧည့်သည် လက်မခံတတ်ချေ။ ဦးမောင်မောင်ထွန်းနဲ့ အတူ ဂျာအေးတို့ စကားပြောနေစဉ် အပုလေးရောက်လာပြီး ဦးမောင်မောင်ထွန်းကို မြင်မြင်ချင်း ဖခင်တစ်ယောက်လို လေးစားမိပြီး အိမ်မှာပဲ ခေါ်ထား လိုက်ပါတော့တယ်။ ဒါကို ဂျာအေးနဲ့ ယောက်ဖနှစ်ယောက်က မကျေနပ်ပေ။ ဦးမောင်မောင်ထွန်းကို အိမ်မှာမနေစေချင်တဲ့အတွက် အမျိုးမျိုးပြဿနာရှာကာအလွဲလေးတွေဖြစ်ရင်း..'' ရီစရာ၊ ပျော်စရာလေးတွေနဲ့ တင်ဆက်ထားတဲ့ ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တဲ့အတွက် သွားရောက်အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

play

 

ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာကိုပေါက် ရိုက်ကူးတဲ့ ဟာသဇာတ်မြူး ဒရာမာရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခန့်စည်သူ၊ မြင့်မြတ်၊ သက်မွန်မြင့်၊ ကျော်ကျော်၊ ဝေလျှံ နဲ့ စိုးနန္ဒာကျော်တို့ က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Photo: ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD