သရုပ်ဆောင်ခင်လှိုင်ကတော့ သူနဲ့အတူ အမြဲတမ်း အတွဲညီညီသရုပ်ဆောင်ပြီး ပရိသတ်တွေအတွက် ဟာသဖန်တီးမှုလေးတွေ မရိုးအောင် တင်ဆက်ပေးလေ့ရှိတဲ့ သရုပ်ဆောင်ဒိန်းဒေါင်ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုတွေအကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်တို့ နှစ်ယောက်ကတော့ အပြင်မှာတွေ့ရင်လည်း ဆံပင်ဆွဲတယ်။ ဒါပေမယ့် ဒိန်းဒေါင်မှာ ချစ်စရာကောင်းတဲ့ ကျွန်တော့်အပေါ် သူ့ရင်ထဲမှာရှိတဲ့ဂါရဝတရားတစ်ခုရှိတယ်။ သူက ကျွန်တော့်ကို ကျောကုန်းတွေပဲထုတယ် ဆံပင်ဘယ်တော့မှမဆွဲဘူး ကျွန်တော်က သူ့ထက် အသက်ကြီးတဲ့လူဆိုတော့ ကျွန်တော်ပဲ ဆံပင်ဆွဲတယ်။ သူက ကျွန်တော့်ကို ဘယ်တော့မှဆံပင်ပြန်မဆွဲဘူး ကျွန်တော့်သူငယ်ချင်းက အဲ့ဒါလေးတွေ သိပ်ချစ်ဖို့ကောင်းပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

ဒီဇင်ဘာလအတွင်းမှာ မွေးနေ့ရှိတဲ့ သရုပ်ဆောင် ဒိန်းဒေါင်အတွက်ကိုလည်း မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါသေးတယ်။

'' ကျွန်တော့်သူငယ်ချင်းက တစ်ခါတစ်လေမှာ စကားပြောလောတယ်၊ စိတ်ကလည်းကြီးတတ်တယ်။ ဒါပေမယ့်စိတ်ရင်းအရမ်းဖြူတယ်။ အသားမဲသလောက်စိတ်ရင်းအရမ်းဖြူတဲ့ လူပါ။ ကျွန်တော့်သူငယ်ချင်းမွေးနေ့ကနေ စပြီးတော့ ပျော်ရွှင်ပါစေ၊ သောကတွေ ကင်းဝေးပါစေလို့ ဆုတောင်းပေးတယ်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင် ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ ပါဝင်ရိုက်ကူးထားတဲ့ ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရုံတင် ပြသသွားမယ်လို့သိရပါတယ်။ ပရိသတ်ကို အမြဲတမ်း အတွဲညီညီဖျော်ဖြေမှုတွေတင်ဆက်ပေးလေ့ရှိတဲ့ အနုပညာ ညီအစ်ကိုနှစ်ယောက် ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အခိုင်အမာရှိပါတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video