AD
AD
AD

ဂယ်ဘဲသရဲနှင့် သူငယ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သူငယ်ရွာရဲ့ တစ်ယောက်တည်းသောမိန်းကလေးဖြစ်တဲ့ နှင်းနုဆိုတဲ့ ကောင်မလေး ကာရိုက်တာနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေသမီးကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပရိသတ်မြင်နေကြမဟုတ်တဲ့ ခပ်ဆန်းဆန်းလေးတွေ သရုပ်ဆောင်ဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ပရိသတ်တွေက ညီမကို မြင်နေကြကာရိုက်တာလည်းမဟုတ်ဘူး သွက်သွက်လှုပ်လှုပ်ခါခါပုံစံမျိုးလေးပေါ့။ အဲ့ဒီအတွက် ပရိသတ်တွေအမြင် ဆန်းမယ်ဆိုတော့ နည်းနည်းလေး စိုးရိမ်တယ်။ ဒီ သူငယ်ရွာမှာတော့ တစ်ရွာလုံးက ယောက်ျားလေးတွေပဲ မွေးတယ်။ သမီး မိန်းကလေးဆိုလို့ ညီမတစ်ယောက်တည်းမွေးတယ်အဲ့ဒီတော့ အဖေ၊ အမေတွေကအရမ်းကိုချစ်တယ်။ အရမ်းလည်းယဉ်ကျေးတယ်၊ သိမ်လည်းသိမ်မွေ့တယ် ဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ့'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်ခင်လှိုင်ရဲ့ ဝိညာဉ်ဝင်ပူးခံရပြီးတဲ့နောက် ပြောင်းလဲသွားတဲ့ ကာရိုက်တာအပေါ် သူ့ရဲ့ခံစားချက်ကိုလည်းအခုလိုပြောပြခဲ့ပါသေး တယ်။

'' ဦးခင်လှိုင်ရဲ့ ဝိညာဉ်ဝင်ပူးပြီးတဲ့အခါကျတော့ အရမ်းကိုပြောင်းလဲသွားတယ်ပေါ့။ ဦးခင်လှိုင်ရဲ့ အိုက်တင်ကြီးကတော့ အရမ်းတော့မတူဘူး ပေါ့နော် ဦးခင်လှိုင်လုပ်နေကြ အိုက်တင်မျိုး၊ ပြောနေကျ စကားလေးတစ်ခွန်းလောက်ပဲ ထည့်ဖြစ်တာများတယ်။ အခုက Gay က မိန်းကလေး ခန္ဓာကိုယ်ထဲကိုဝင်ပြီးတော့မှ ပြန်ပြီးသရုပ်ဆောင်ရတာဖြစ်တဲ့အတွက် အကောင်းဆုံးနီးပါးတော့ တူအောင် ကြိုးစားထားတယ်'' လို့ ရွှေသမီးက ပြောပါတယ်။

play

 

ထူးထူးဆန်းဆန်းကာရိုက်တာလေးနဲ့ သရုပ်ဆောင် ရွှေသမီးပါဝင်ထားတဲ့ ဂယ်ဘဲသရဲနှင့် သူငယ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ နောက်ထပ် အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူး ဖြစ်နေ သေးတယ်လို့ ဆိုပါတယ်။

Photo: ရွှေသမီးဖေ့စ်ဘုတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD