AD
AD
AD

ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇာတ်ဝင်ခန်း နည်းပေမယ့် ပရိသတ်ကို ပေးချင်တဲ့သင်ခန်းစာလေးတွေက အဓိပ္ပာယ်ရှိတယ် ဆိုတဲ့ အကြောင်းကို သရုပ်ဆောင် အောင်ခိုင်က Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဒီနေ့ခေတ်မှာ တချို့သော သားသမီးများ မိဘဆိုတာကို တန်ဖိုးကို သိနားမလည်ကြတဲ့သူတွေရှိတယ်။ တကယ်တော့ လောကမှာ အစားထိုး လို့မရတာ မိဘ၊ပြန်ဝယ်ယူလို့မရတာက အချိန်၊ ဒါတွေကို ဒီဇာတ်ကားမှာ ကောင်းကောင်း မက်ဆေ့ခ်ျပေးထားတယ်။ မိဘဆိုတာ ရှိနေတဲ့ အချိန်မှာ ပြုစု၊ စကားပုံတောင်ရှိပါတယ် မိဘဆိုတာ ရှိနေတုန်းအချိန်မှာကျွေးပါ သေမှ အော်ငိုမနေကြနဲ့ဆိုတာ တကယ်လည်း မှန်ပါတယ်'' လို့ ဦးအောင်ခိုင်ကပြောပါတယ်။

play

 

အသက်အရွယ်ကြီးရင့်သူတွေအပေါ် ဆက်ဆံတဲ့သဘောထားအကြောင်းကိုလည်း ဒီဇာတ်ကားလေးကနေရမယ်လို့ ဆိုပါတယ်။

''မိဘတွေလိုချင်တာ သားသမီးတွေဆီက မေတ္တာတရားကို လိုချင်တာ ဆိုတဲ့အကြောင်းကို ဒီဇာတ်ကားမှာ မက်ဆေ့ခ်ျကောင်းကောင်းပေးထား တယ်၊ ဒီနေ့ခေတ်မှာ ပရဟိတလုပ်နေကြတဲ့ လူငယ်တွေအတွက်လည်း ကိုယ်နဲ့သွေးမတော် သားမစပ် သက်ကြီးရွယ်အိုတစ်ယောက်ကို ပရဟိတ ဆိုတဲ့စိတ်၊ ပြီးတော့ကိုယ့်ထက်အသက်ကြီးတဲ့ လူကြီးတစ်ယောက်အပေါ်မှာ ဆက်ဆံတဲ့စိတ်ဓာတ်တွေရရှိအောင်လည်း ဒီဇာတ်ကားထဲမှာဖော်ပြထားတယ်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်အောင်ခိုင်ကတော့ ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပယောဂဆရာလူလိမ် တစ်ယောက်အဖြစ်ပါဝင် သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင်တစ်ယောက်အဖြစ် ဆောင်ရွက်လျက်ရှိ တယ် လို့ သိရပါတယ်။

photo: အောင်ခိုင်ဖေ့စ်ဘုတ်, Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD