AD
AD
AD

အဆိုတော်သားငယ်ကတော့ သူ့ရဲ့ပရိသတ်တွေအားလုံးကိုပြုံးပြချင်ပေမယ့် မမြင်လိုက်မိတဲ့အခါမျိုးတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စ ရှိနေတာ မျိုးတွေဆိုရင် မပြုံးပြလိုက်ရတာတွေရှိတဲ့အတွက် ပရိသတ်တွေအပေါ်မာနမကြီးပါဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်တို့ ပြိုင်ပွဲစပြိုင်ကတည်းကနေ ဒီအချိန်ထိ ကျွန်တော့်ကို စိတ်ဓာတ်ခွန်အား၊ ငွေအင်အားတို့နဲ့ အားပေးကြတဲ့ ပရိသတ်တစ်ယောက် ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်၊ ကျေးဇူးလည်းမမေ့ပါဘူး။ တချို့ကတော့ပြောကြတယ် ပရိသတ်တွေ့ရင် ပြုံးမပြဘူးလားပေါ့။ အဲ့ဒါကလည်း လူ ၁၀ယောက်တွေ့ရင် ၉ ယောက်လောက်ကိုပဲ ပြုံးပြလိုက်နိုင်တယ်၊ တစ်ယောက်ကိုလည်း မမြင်ကောင်းမမြင်လိုက်နိုင်ဘူး တခြား Parsonal ကိစ္စဖြစ်နေတဲ့ အချိန်လည်း ရှိကောင်းရှိမှာပေါ့နော်'' လို့ သူကဆိုပါတယ်။

play

 

မပြုံးပြလိုက်ရတဲ့ ပရိသတ်တစ်ယောက်ကလည်း စိတ်ကွက်သွားတာမျိုးရှိရင်တောင်းပန်ပါတယ်လို့ ပြောပြခဲ့ပါသေးတယ်။

'' အဲ့ဒီတစ်ယောက်ကလည်း စိတ်ကွက်သွားတာမျိုးရှိတယ်။ အဲ့ဒီလူကလည်း ကျွန်တော့်ကို ဘယ်လောက်အထိရင်းနှီးပြီးတော့ ခံစားပြီးတော့ Vote ပေးထားရသလဲဆိုတာ ကျွန်တော်လည်းမသိနိုင်ဘူး။ အဲ့ဒီလိုတစ်ယောက်များ ပါလာခဲ့ရင် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်က မာနမကြီးပါဘူး လူကောင်ပဲကြီးတာပါ'' လို့ ဆိုပါတယ်။

play

 

အဆိုတော်သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့ပြီး Season 2 ရဲ့ Winner တစ်ယောက် ဖြစ်ခဲ့ပါ တယ်။ သူ့အနေနဲ့ ပြိုင်ပွဲပြီးကတည်းက ဖျော်ဖြေရေးပွဲတွေလည်း သီဆိုနေရသလို ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ အကြော်ရောင်းတာကို လည်း ဆက်လက်လုပ်ကိုင်လျှက်ရှိပါတယ်။

Photo: သားငယ်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD