သရုပ်ဆောင်ဟန်သီကတော့ ကျန်းမာရေးအခြေအနေကြောင့်ဆေးရုံတက်လိုက်ရတာ ဝိတ်တော်တော်ကျသွားတယ်တဲ့။ သွား ကျန်းမာရေး ကြောင့် ခွဲစိတ်ခဲ့ရတဲ့သူ့အနေနဲ့ သွားအကြည်အတု တပ်ထားရတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဟန်သီအခု ဆေးရုံတက်ပြီးတော့ အရမ်းကိုပိန်သွားတယ် ဝိတ်တွေအရမ်းကျတယ်၊ ၁၀ပေါင်လောက်ကျသွားတာဆိုတော့ အခု အဲ့ဒီ ၁၀ ပေါင်လောက်ကို ပြန်တင်နေတာပါ။ အခုလည်း သွားက အကြည်အတု တပ်ထားရတာဆိုတော့ စကားပြောရင် မပီဘူး ပြောရတာလည်း အရမ်းခက်တယ်'' လို့ ဆိုပါတယ်။

play

 

သွားတွေက တစ်ခုနဲ့တစ်ခုထပ်နေပြီ အဲ့ဒါကြောင့် ပြန်ဖြည်ရတာလို့ သူကပြောပါတယ်။

'' သွားကို အံဆုံး အပေါ်တစ်ချောင်း၊ အောက်တစ်ချောင်းနှုတ်လိုက်ရတယ်။ အဲ့ဒီအချိန်မှာ သွားတွေက တစ်ခုနဲ့တစ်ခုတွန်းပြီးသားဖြစ်နေတော့ အရှေ့မှာ ထပ်နေပြီ အဲ့ဒါကိုပြန်ပြီးတော့ဖြည်ရတာ။ အခုဆိုရင် ဒီ သွားအစွပ်အကြည်လေးကို တစ်နှစ်နဲ့ ၂ လလောက်တပ်ရမယ်'' လို့ ဟန်သီက ပြောပါတယ်။

play

 

ဟန်သီ့အနေနဲ့ အခုလက်ရှိမှာ ကျောင်းပညာရေးကို ဦးစားပေးလုပ်နေရတာဖြစ်ပြီး တီဗီကြော်ငြာနဲ့ မဂ္ဂဇင်းကာဗာတွေကို ရိုက်ကူးပေး နေရ တယ်လို့သိရပါတယ်။ ကျောင်းပြီးသွားတဲ့အခါ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် အနုပညာအလုပ်တွေဆက်တိုက်လုပ်သွားမယ်လို့ ဆိုပါ တယ်။

photo: ဟန်သီဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video