သရုပ်ဆောင်ရွှေပိုးအိမ်ကတော့ နှစ်တစ်နှစ်မှာ အသက်ပိုကြီးလာတာနဲ့ အမျှ ပိုရင့်ကျက်မှုတွေရှိလာတဲ့ အတွက် သူချစ်တဲ့ အနုပညာအလုပ်တွေ ကို အခက်အခဲတွေကြားထဲက ကျော်ဖြတ်ပြီးတော့ ကြိုးစားသွားမယ်ဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကိုယ်က အသက်ပိုကြီးလာလေ ပိုပြီးတော့ရင့်ကျက်လာလေပေါ့နော်။ အမှားလည်းရှိတယ်၊ အမှန်လည်းရှိတယ်။ ဘယ်အရာမဆို ကိုယ့်ကို ဝေဖန်သည်ပဲဖြစ်စေ၊ အားပေးသည်ပဲဖြစ်စေ အဲ့ဒီအပေါ်မှာ ခံနိုင်ရည်ရှိအောင်နေသွားပြီးတော့ ညီမချစ်တဲ့ အနုပညာအလုပ်ကို ဘယ်လို အခက်အခဲ အတားအဆီးမျိုးပဲဖြစ်ဖြစ်ကျော်ဖြတ်ပြီးတော့ ရအောင်ကြိုးစားသွားမှာပါ''

play

 

၂၀၁၈ ခုနှစ်မှာလည်း အလုပ်တွေပိုကြိုးစားချင်တယ်ဆိုတဲ့ သူ့ရဲ့ ဆန္ဒကိုပြောပြခဲ့ပါသေးတယ်။

'' ၂၀၁၈ မှာတော့ အရင်ကလိုမဟုတ်ပဲ အလုပ်တွေဆက်တိုက်လုပ်သွားမယ်။ ညီမကို အားပေးတဲ့ ပရိသတ်တွေရှိတယ် အဲ့ဒီပရိသတ်တွေ အတွက် ပိုကြိုးစားပြီးတော့ သရုပ်ဆောင်သွားမယ်။ ပရိသတ်တွေကိုလည်း အရင်ကထက် ပိုပြီးတော့ ချစ်ပါ့မယ်'' လို့ ရွှေပိုးအိမ်က ပြောပါတယ်။

play

 

သရုပ်ဆောင်ရွှေပိုးအိမ်ကတော့ နှစ်သစ်မှာ ရိုက်ကူးရေးလုပ်ရင်းနဲ့ ဖြတ်သန်းသွားရမယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရိုက်ကူးမယ့် တောပေါက်မြို့ပေါက် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ စိတ်မနှံ့တဲ့ ရူးကြောင်ကြောင် ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

photo: ရွှေပိုးအိမ်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video