AD
AD
AD

ရဲလေးကတော့ ဂယ်ဘဲသရဲနှင့်သူငယ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဂျာရစ်ဆိုတဲ့ တောသားလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ ဆံပင်ပုံစံလေးကြောင့် အမှတ်တရတွေလည်း ရှိခဲ့တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အဓိက ကတော့ ဆံပင်ကေ ကအစပေါ့နော် ဇာတ်ညွှန်းရကတည်းက ဒီဆံပင်ပုံစံလေးထားမယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တာပေါ့။ ဒီဇာတ်ကားထဲ မှာတော့ ကျန်တဲ့သူတွေနဲ့ ပုံစံနည်းနည်းတော့ ခွဲထွက်သွားတာပေါ့။ ၄ယောက်ကို ၄ မျိုးခွဲမြင်လိုက်ရတဲ့ ပုံစံလေးကလည်း မဆိုးပါဘူး နို့မို့ဆို သွားတူနေရင်လည်း ကြည့်လို့မကောင်းဘူး ခွဲထွက်နေမှလည်း ပရိသတ်တွေအတွက် တစ်မျိုးဆန်းတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဂျာရစ်နဲ့ တူအောင် ကျွန်တော်ပြင်ဆင်ခဲ့ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အမှတ်တရများစွာနဲ့ ရိုက်ကူးခဲ့ရတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးအပေါ် သူ့ရဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' အဓိက ကတော့ပရိသတ်တွေ မပျင်းသွားဖို့ပေါ့နော် ဒီဇာတ်ကားလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့လည်းကောင်းတယ်၊ ရီလည်းရီရတယ်။ စိတ်ပူနေတာပေါ့နော် ကိုယ် ကောင်းပါ့မလားပေါ့ ဒါပေမယ့် ဇွတ်ကျားတုန်းက ပုံစံနဲ့ နည်းနည်းကွဲထွက်သွားပါတယ်။ ရွှေသမီးကလည်း အားအားရှိ ဒီဆံပင်ကိုပဲ ကလိနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လုပ်ကွက်လေး ရတော့ ပျော်ပါတယ်။ ဦးခင်လှိုင်အရမ်းကောင်းပါတယ်။ Press Show ကြည့်ပြီးသွားတဲ့အချိန်မှာ ကျွန်တော် ပျော်လည်းပျော်နေပါတယ်'' လို့ ရဲလေးက ပြောပါတယ်။

play

 

ရဲလေးပါဝင်သရုပ်ဆောင်ထားတဲ့ ဂယ်ဘဲသရဲနှင့် သူငယ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။ ဒီရုပ်ရှင် ဇာတ်ကားကြီးထဲမှာ ရဲလေးနဲ့အတူ သရုပ်ဆောင်ထွန်းထွန်း၊ ဂျိုကာ၊ ခင်လှိုင် နဲ့ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: ရဲလေးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD