AD
AD
AD

ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့ အသက် ၄၄ နှစ်ပြည့်မွေးနေ့ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ နေအိမ်မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ မွေးနေ့အမှတ်တရ စကားသံတွေကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အသက်ကတော့ ၄၄ နှစ်ပြည့်မှာ ထုံးစံအတိုင်းပေါ့ ကျွန်တော့် ဆရာတော်နဲ့ အမေက ဆန်ဝေတဲ့အလှူပေါ့နော်၊ နှစ်တိုင်း ဆန်ဝေ ဆိုလို့ ကျွန်တော်လှူဖြစ်တယ်။ ဒီနှစ်ဆိုရင် အိတ်၃၀ ဆိုတော့ ၁၀ သိန်းဖိုးလောက်ပေါ့။ လာသမျှလူတွေကို ကြာဇံကြော် သက်သက်လွတ် ကျွေးတယ်'' လို့ ဆိုပါတယ်။

play

 

အသက် ၄၄ နှစ်ပြည့်ပြီဖြစ်တဲ့ ဒိန်းဒေါင် အနေနဲ့ စိတ်ကြီးတတ်သူတစ်ဦးဖြစ်တာကြောင့် သည်းခံစိတ်တွေ မွေးနေရတယ်လို့ ဆိုပါတယ်။

'' အရွယ်ရလာတာနဲ့ အမျှ သည်းခံနိုင်စိတ်တွေမွေးဖို့ အရမ်းဒေါသထွက်တာရော၊ စိတ်ကြီးတာရော သည်းခံနိုင်စိတ်တွေမွေးဖို့အတွက် ကြိုးစား နေတယ်၊ ပြင်ဆင်နေတယ်။ ပြီးတော့ အလုပ်ကိုလည်း သိပ်မမက်ဘူးပေါ့။ လုပ်စရာတွေ အများကြီးရှိသေးတယ် ဒီနှစ်တော့ ငါ တက်နိုင် သလောက် ပဲ သွားတော့မယ် ကျန်းမာရေးကလည်းရှိသေးတာကိုး။ စိတ်ကြီးတဲ့ သူကျတော့ သွေးတိုးရင် အရမ်းဒုက္ခရောက်တယ် စိတ်ဆိုးပြေ သွားပြီဆိုရင် ခေါင်းတွေမူးလာတာ။ ဘုရားတည်တယ်၊ ဘိုးဘွားရိပ်သာမဆောက်ရသေးဘူး၊ မိဘမဲ့ကလေးတွေ မွေးစားဖို့အတွက်လည်း ကျန်သေးတယ်'' လို့ဆိုပါတယ်။

play

 

သရုပ်ဆောင် ဒိန်းဒေါင်ရဲ့ မွေးနေ့ အလှူကိုတော့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းလမ်းမ ပေါ်က နေအိမ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အမှတ်တရအနေနဲ့ ဆန်တစ်ပြည် စီထည့်ထားတဲ့ အိတ် ၃၀ ကိုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD