AD
AD
AD

သရုပ်ဆောင်ဖူးစုံကတော့ အခုလက်ရှိမှာ အနုပညာအလုပ်တွေကို တဖြည်းဖြည်းလုပ်ရင်း ပရိသတ်တွေရဲ့ အချစ်ကို ခံယူနေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ရောင်နီမျှော်တဲ့နွေဦး ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အစ်မအခု ဇာတ်လမ်းတွဲရိုက်နေပါတယ်။ ဒါရိုက်တာကတော့ ဦးဇော်မြင့်ဦးပါ အစ်မနဲ့အတူ တိုင်ရွန်ပါတယ်၊ ဆုမြတ်နိုးဦး၊ ကျော်ကျော် အများကြီးပါပဲ။ ဇာတ်လမ်းတွဲကို အကြမ်းဖျင်း အနေနဲ့ ရောင်နီမျှော်တဲ့နွေဦး ဆိုပြီးတော့ နာမည်လေးပေးထားတယ်၊ ဒီလ ၃၀ ရက်နေ့မှာတော့ နှင်းဆီအငြိမ့်လေး ကမှာပေါ့နော်'' လို့ ဆိုပါတယ်။

play

 

ပရိသတ်အားပေးဖို့ ဇာတ်လမ်းတွဲတွေရိုက်ကူးထားတာဖြစ်တဲ့အတွက် ဝေဖန်အကြံပြုပေးဖို့ကိုလည်းပြောပြခဲ့ပါသေးတယ်။

'' အခုတော့ ဇာတ်လမ်းတွဲတွေရော၊  ဇာတ်ကားတွေရော ရိုက်ထားတယ်၊ဝေဖန်ပါဦး အကြံပြုပါဦး ကြိုးလည်း ကြိုးစားထားတယ်။ ဒီနှစ်က အစ်မဖြတ်သန်းခဲ့တဲ့ နှစ်တွေထဲမှာမှ ထူးခြားတယ်။ မကြုံဖူးတာတွေလည်း ကြုံရတဲ့ အပိုင်းလေးတွေလည်းရှိတော့ ၂၀၁၇ က ထူးခြားတဲ့နှစ်လို့ ပြောပါရစေ''လို့ ဖူးဆုံကပြောပါတယ်။

play

 

သရုပ်ဆောင်ဖူးစုံကတော့ ပရဟိတအလုပ်တွေရော၊ အနုပညာအလုပ်တွေကိုပါ မျှမျှတတဆောင်ရွက်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဇန်နဝါရီလ ၃ ရက်နေ့မှာလည်း ၁၁၀ မိုင်မှာ ဘုရားထီးတင်ပွဲရှိတယ်လို့လည်း သိရပါတယ်။

photo: ဖူးစုံဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD