လရောင်ဖြာတဲ့ အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားအထူးပြသပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း အမှတ်တရစကားသံတွေ ပြောပြခဲ့ပါတယ်။

play

 

ညွှန့်မြန်မာညီညီအောင် (ဒါရိုက်တာ)

________________________________

ကျွန်တော်တို့တိုင်းပြည်မှာသဘာဝကပေးထားတဲ့ အလှတရားတွေ အများကြီးရှိပါတယ်။ ကျွန်ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ပြခဲ့ပြီးပါပြီ အခု အင်းလေးမှာလည်း ဖော်ထုတ်ခွင့်ရတဲ့ ဇာတ်ကားတစ်ကားပေါ့။ ကျွန်တော်ဖြစ်ချင်တဲ့ အကြောင်းအရာ၊ ရိုက်ချင်တဲ့ပုံစံကို မာမီ့ကို ပြောပြတော့ မာမီက ရိုက်ပါ ဆိုတာနဲ့ ရိုက်ကူးဖန်တီးဖြစ်တယ်။

play

 

နေတိုး

________

ကျွန်တော်တို့ ဇာတ်ကားမရိုက်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေနဲ့ လုပ်ခဲ့တာဆိုတော့ ကျွန်တော်တို့ လုပ်လို့ရတဲ့ အနေအထားပေါ်မှာ အကောင်းဆုံး ဖန်တီးတဲ့သူတွေ ကြိုးစားထားကြတဲ့ ဇာတ်ကားတစ်ကား လို့ပြောလို့ရပါတယ်။

play

 

ဝါဇင်

_______

အဓိက ကတော့ ကျွန်တော် တစ်ခါမှမလုပ်ဖူးတဲ့ စက်လှေနဲ့အရှေ့က ဆွဲသွားတဲ့ ဇာတ်ဝင်ခန်းပေါ့။ အဲ့ဒီဟာကလည်း ဇာတ်ကား စစချင်းမှာ ရိုက်တဲ့အခန်းပါ တော်တော်ကြိုးစားပြီးတော့ လုပ်ခဲ့ပါတယ်။ အန္တရာယ်လည်း များခဲ့ပါတယ်။

play

 

ဝတ်မှုံရွှေရည်

_______________

ဇာတ်ကား တစ်ကားလုံးခြုံကြည့်ရင်တော့ သဘောကျပါတယ်။ တော်တော်လေးကို အမှတ်တရလည်း ဖြစ်တယ်။ ကစ် ရိုက်ခဲ့တဲ့ အင်းလေး ၂ ကားကလည်း တော်တော်ကို ကွဲထွက်တယ်ပေါ့ ဒီဇာတ်ကားထဲက ကာရိုက်တာနဲ့လည်း မတူဘူး။ဇာတ်ကား တစ်ကားလုံး ကြည့်မယ်ဆိုရင်တော့ အရမ်းကို ကြိုက်ပါတယ်။

play

 

လရောင်ဖြာတဲ့အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားကြီးကို ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီ အောင်၊ တွဲဖက်ဒါရိုက်တာ ဝင်းထွဋ်ဝင်း နဲ့ အနုပညာအကြံပေး ထပ်ဆင့်အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေတို့က ရိုက်ကူးဖန်တီးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်များအနေနဲ့ နေတိုး၊ ဝါဇင်၊ ဝတ်မှုံရွှေရည်၊ စုမြတ်နိုးဦး၊ မေသဉ္ဇာဦး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးကိုတော့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video