ဝတ်မှုံရွှေရည်ကတော့ လရောင်ဖြာတဲ့ အင်းလေးမှာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာအမှတ်တရအနေနဲ့ ချစ်စရာကောင်းတဲ့ ကိန္ဒရီ ကိန္ဒရာ အကကို ပိုင်နိုင်စွာ ကပြနိုင်ခဲ့ပြီး ဇာတ်ကားနဲ့ ပတ်သက်တဲ့ အမှတ်တရစကားသံတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

play

 

'' ဈေးရောင်းတဲ့ ကောင်မလေးတစ်ယောက်ပေါ့နော်၊ ပြန်ကြည့်လိုက်တဲ့အချိန်မှာလည်း တော်တော်လေးကိုသဘောကျပါတယ် အမှတ်တရ လည်းဖြစ်ပါတယ်။ ကစ်ရိုက်တဲ့ အင်းလေး၂ ကားမှာ တော်တော်လေးလည်း ကွဲထွက်တယ်၊  အရင်က ရိုက်တဲ့ ကာရိုက်တာနဲ့ အခုတစ်ကားက ကာရိုက်တာက မတူပါဘူး။ တစ်ကားလုံးအနေနဲ့ ကြည့်ရမယ်ဆိုရင်လည်း အရမ်းကြိုက်ပါတယ်။ ကိုနေတိုးအခန်းတွေဆိုရင် အရမ်းသဘောကျ တယ်၊ ရှုခင်းတွေလည်း ကြိုက်တယ်'' လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေ ရဲ့ အချစ်ကို ထပ်မံပိုင်ဆိုင်လိုက်ရတဲ့ အကလေးအပေါ် ကြိုးစားခဲ့ရတဲ့အကြောင်းပြောပြခဲ့ပါသေးတယ်။

'' မရိုက်ခင်က ကိန္ဒရီ ကိန္ဒရာ အကကို ကြိုပြီးတော့ သင်ရပါတယ် လေ့လည်းလေ့ကျင့်ပါတယ်။ သေချာလည်းသင်ရတယ်။ ထင်ထားတာထက် တော့ ပိုခက်တာပေါ့နော် အဝတ်အစားကလည်း တော်တော်လေး လေးတယ်'' လို့ သူကဆိုပါတယ်။

play

 

လရောင်ဖြာတဲ့အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲ မှာ ဝတ်မှုံရွှေရည်နဲ့အတူ နေတိုး၊ ဝါဇင်၊ စုမြတ်နိုးဦးနဲ့ မေသဉ္ဇာဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

Photo: ဝါဝါဝင်းရွှေထုတ်လုပ်ရေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video