AD
AD
AD

နေတိုးကတော့ လရောင်ဖြာတဲ့ အင်းလေးမှာ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကာရိုက်တာခြင်းမတူတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး သာမန်လူငယ်တစ်ယောက်ပုံစံ ဇာတ်ရုပ် အပြင် လူတစ်ပိုင်းဝံပုလွေတစ်ပိုင်း ဇာတ်ရုပ်ပုံစံ ကာရိုက်တာ၂ မျိုးအတွက် ပြင်ဆင်ခဲ့ရတဲ့အပိုင်းတွေကို မီဒီယာတွေကနေတဆင့်အခုလိုပြောပြခဲ့ပါတယ်။

play

 

''ဒီဇာတ်ကားဆိုရင်လည်း ပီပြင်အောင်လို့ မလုပ်နိုင်ဘူးဆိုရင် အများကြီး ပရိသတ်ဝေဖန်မှုတွေ အများကြီးရှိလာနိုင်တယ် အဖက်ဖက်ကနေ အများကြီးပံ့ပိုးနိုင်မှသာ ကျွန်တော်တို့ ဒီဇာတ်ကားကို စပြီးတော့ ရိုက်ခဲ့တာ အန်တီဝါတို့အနေနဲ့ကလည်း ရိုက်မယ်ဆိုတော့ အကောင်ပါတယ် ဆိုတော့ နိုင်ငံခြားမှာတောင်သွားလုပ်ဖို့ အစီအစဉ်ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ Local မှာလည်း ဒီလိုလုပ်နိုင်တဲ့ ပညာရှင်တွေလည်း ရှိနေပြီ ဆိုတော့ ပြည်တွင်းကလူတွေနဲ့ပဲ အကောင်းဆုံးဖြစ်အောင်ဖန်တီးကြတာပေါ့နော်'' လို့ ဆိုပါတယ်။

play

 

ကာရိုက်တာမတူညီတဲ့ ဇာတ်ကောင် ၂ခုထဲက ညီဖြစ်သူရဲ့ ကာရိုက်တာအပေါ်သူ့ရဲ့ ကြိုးစားမှုလေးတွေကို အခုလိုပြောပြခဲ့ပါသေးတယ်။

'' ညီအစ်ကိုနှစ်ယောက်မှာ အငယ်က သိပ်ပြီးတော့ ကျပ်မပြည့်ဘူးပေါ့နော် ။ မွေးရာပါ ဗီဇလေးလည်းရှိတယ် မွေးကတည်းက စိတ်နည်းနည်း လေး မမှန်သလို သူ့အဖေဖန်တီးထားတဲ့ သစ်ပင်ရဲ့ အသီးကိုစားပြီးတော့ စိတ်ခံစားမှုက သာမန်လူတွေနဲ့မတူတဲ့ moment လေးတွေရှိတယ် ပေါ့နော်။ အဲ့ဒီ ကာရိုက်တာက ဇာတ်ညွှန်းမှာကတည်းက ပါပြီးသားဆိုတော့ အဲ့ဒီကာရိုက်တာကို ရအောင်ကြိုးစားပြီးတော့ သရုပ်ဆောင်ရတာ ပေါ့'' လို့ နေတိုးက ပြောပါတယ်။

play

 

သရုပ်ဆောင်အကယ်ဒမီနေတိုးကတော့ လရောင်ဖြာတဲ့အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နှစ်ကိုယ်ခွဲသရုပ်ဆောင်ရတာဖြစ်ပါတယ်။ တစ်ကိုယ်က ပေါ့ပေါ့ပါးပါးလူငယ်တစ်ယောက်ဆိုပေမယ့် လပြည့်လကွယ်ညတွေမှာ စိတ်ထဖောက်ပြန်တတ်တဲ့ ညီငယ်ကို စိုးရိမ်ပူပန်ရတဲ့ အစ်ကိုကြီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပြီး နောက်တစ်ကိုယ်ကတော့ကျပ်မပြည့်တဲ့ကောင်လေးတစ်ယောက်က ဖခင်ဖော်စပ် ထား တဲ့ အသားစားအပင်က အသီးကို စားလိုက်မိတာကြောင့် လပြည့်လကွယ်ညတွေမှာ လူသွေးသောက်တတ်တဲ့ ဝံပုလွေတစ်ပိုင်း လူတစ်ပိုင်း ပြောင်းသွားတတ်တဲ့ မိစ္ဆာတစ်ကောင် ကာရိုက်တာအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

photo: ဝါဝါဝင်းရွှေရုပ်ရှင်ထုတ်လုပ်ရေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD