ကွန်ပျူတာပန်းထိုးလုပ်ငန်းဆောင်ရွက်နေတဲ့ သရုပ်ဆောင်မေကဗျာကတော့ ကိုယ်ပိုင်စီးပွားရေးတစ်ခုကို တိုးချဲ့ချင်ပေမယ့်လည်း လူအင်အား များများမရှိတဲ့အတွက် အဆင်မပြေသေးဘူးလို့ဆိုပါတယ်။ သူ့ရဲ့ လုပ်ငန်းနဲ့ ဆက်နွယ်တဲ့ အရာလေးတွေကိုတော့ ထပ်ချဲ့ဖြစ်မယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' စီးပွားရေးကတော့ ထပ်ချဲ့စရာတွေကို လုပ်ရင်း လုပ်ရင်းနဲ့မြင်လာတာပေါ့နော် မနိုင်မနင်းဖြစ်မှာလည်း စိုးပါတယ်။ အခုက ကဗျာတို့ ကွန်ပျူတာပန်းထိုးလုပ်ငန်းလုပ်တယ်၊ စက်ချုပ်လုပ်ငန်းလုပ်တယ် အဲ့ဒါတွေနဲ့ ဆက်နွယ်တာလေးတွေ တစ်ခု၊ နှစ်ခုတော့ ချဲ့ဖြစ်မယ်။ ဒီမှာပြန်ပြီး အသုံးပြုလို့ရတဲ့ ပစ္စည်းမျိုးပေါ့နော် လုပ်လို့ရတဲ့အရာတွေကို လုပ်ချင်လာတယ်၊ ဒါပေမယ့် အိမ်မှာက လူတွေလည်း အများကြီးမရှိဘူး အမေနဲ့ပဲ ဆိုတော့ ကိုယ်နိုင်တဲ့ဝန်ကိုပဲ အကောင်းဆုံးဖြစ်အောင် အဓိက လုပ်နေတာပါ'' လို့ သူကဆိုပါတယ်။

play

 

ကိုယ်ပိုင်စီးပွားရေးကိုရော၊ အနုပညာအလုပ်တွေကိုပါ ဆောင်ရွက်နေရတဲ့ မေကဗျာက အနုပညာအလုပ်မလုပ်ရလည်း စီးပွားရေးရှိနေတဲ့ အတွက် အားတယ်လို့မရှိဘူးလို့ ဆိုပါတယ်။

'' အဲ့ဒါကလည်း လူအင်အားများများ၊ စက်များများနဲ့ အဲ့ဒီလိုရင်းနိုင်ရင်တော့ ပိုကောင်းတာပေါ့၊ ကဗျာတို့က စက် ၂ လုံးလောက်နဲ့စလုပ်တာ ဆိုတော့ အလုပ်ကလည်းများတယ် ထပ်ချဲ့ဖို့ဆိုတာကလည်း မြေနေရာတွေက အရမ်းကြီးတဲ့အခါကျတော့ အလုပ်ထပ်ချဲ့ဖို့ကတော့ မဖြစ်နိုင် သေးပါဘူး။ ကဗျာ ကံကောင်းတယ် ကဗျာ့မှာ အမေရှိတယ် မိသားစုရှိတယ်၊ အစ်ကိုတွေရှိတယ်၊ ဦးလေးတွေရှိတယ် အဲ့ဒီအတွက်ကြောင့် ကိုယ်က အလုပ်တစ်ခုတည်းကို ထမ်းထားစရာမလိုဘူး အလှည့်ကျ လုပ်နေတဲ့အခါကျတော့ အနုပညာအလုပ်မလုပ်ရလည်း အိမ်က စီးပွားရေး လေး ရှိနေတော့ အားတယ်ရယ်လို့မရှိဘူး ပျော်ပါတယ် အဲ့ဒီမိသားစုဘဝလေးကို'' လို့ မေကဗျာက ပြောပါတယ်။

play

 

မေကဗျာ့ရဲ့ စီးပွားရေးလုပ်ငန်းထဲမှာ တစ်ဦးတည်းသောသမီးလေးဖြစ်သူ ဂင်္ဂါမေကလည်း အားကိုးနေရပြီလို့ ဆိုပါတယ်။ ကွန်ပျူတာပန်းထိုး လုပ်ငန်း လုပ်နေကြတာဖြစ်တဲ့အတွက် ကွန်ပျူတာ ပန်းထိုးဒီဇိုင်းတွေကိုလည်း သမီးလေးကိုယ်တိုင်က ရေးဆွဲပေးတာပါလို့ မေကဗျာက Duwun media ကိုပြောပြခဲ့ပါတယ်။

photo: မေကဗျာဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video