သရုပ်ဆောင် လွင်မိုးရဲ့သမီး ယွန်းဝတီလွင်မိုးရဲ့မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး သိက္ခာကျစေတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေမှု အပေါ်  ဖခင်ဖြစ်သူ လွင်မိုးက အခုလို တုံ့ပြန်ဖြေကြားခဲ့တာဖြစ်ပါတယ်။

play

 

'' ဒါတွေကတော့ ဖေ့ဘုတ်မှာ ကောလာဟလတွေဖော်ပြတယ်ဆိုတာ လူတွေက ကိုယ့်အဆင့်အတန်းကို ဖော်ပြကြတာလေ။ ဒါတွေကို ဖတ်ကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော် ဒေါသမထွက်ပါဘူး စိတ်မကောင်းတော့ဖြစ်တယ်။ သူတို့ရဲ့ အရည်အသွေးတွေကို သတ္တိရှိရှိနဲ့ရေးကြ တယ်ဆိုတော့ ကျွန်တော်လည်း မစဉ်းစားတတ်ပါဘူး။ ကောင်းတာပဲရေးရေး၊ မကောင်းတာပဲရေးရေး ရေးတဲ့သူကတော့ ငါဘာကောင်လဲ ဆိုတာကိုထုတ်ပြလိုက်တာပေါ့၊ ဆိုးဆိုးဝါးဝါးတွေလည်း အများကြီးရှိတယ် ဒါတွေများနေရင်တော့ မကောင်းဘူး တကယ်ကိုတိုးတက်တဲ့ ခေတ်မီ တဲ့ အဆင့်မြင့်တဲ့ တိုင်းပြည်တွေမှာ ဒီလိုဟာမျိုးတွေ သိပ်မတွေ့ရဘူး'' လို့ ဆိုပါတယ်။

play

 

သမီးနှစ်ယောက်ဖခင်ဖြစ်တဲ့ သရုပ်ဆောင်လွင်မိုးကတော့ သမီးကြီး ယွန်းဝတီလွင်မိုးကို အမြန်ဆုံးမင်္ဂလာဆောင်ပေးဖြစ်ခဲ့တဲ့ အကြောင်းကို လည်း အခုလိုပြောပြခဲ့ပါတယ်။

'' ဒါဟာလည်း တစ်ချိန်ချိန်ကျရင် ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲလေ အဲ့ဒီတော့ ကျွန်တော်အကောင်းဆုံးလုပ်ပေးလိုက်နိုင်တဲ့ မိဘဝတ္တရားဆိုတဲ့ သဘောနဲ့ပဲ နားလည်ရမှာပါ။ လွန်ခဲ့တဲ့ ၆ လတုန်းကလည်း သူတို့တကယ်ချစ်သူတွေဖြစ်နေကြပြီ မိဘတွေဘက်က ပြန်စဉ်းစားကြည့်ပြန်တော့ နှစ်ယောက်စလုံးက သြစတေးလျမှာ ကျောင်းသွားတက်ကြမှာဆိုတော့ သူတို့တစ်ယောက်ကို တစ်ယောက် ထိန်းထိန်းသိမ်းသိမ်းရှိဖို့၊ ကျွန်တော့် ဘက်ကလည်း သမီးရှင်ဖြစ်တဲ့အတွက်မျက်နှာများတဲ့ အနေအထားလည်း မဖြစ်ဖို့ နှစ်ဖက်မိဘတွေက ဆွေးနွေးပြီးတော့ Jun လ ကတည်းက စေ့စပ်ပေးပြီးသားပါ၊ သူတို့ပြန်လာတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း လက်ထပ်လိုက်တာကို ပိုလိုချင်ပါတယ်၊ သမီးဖြစ်သူကရော၊ သတို့သားဘက်ကရော လက်ထပ်မယ်ဆိုတာကို ကြည်ကြည်ဖြူဖြူသဘောတူတဲ့အတွက် ဝမ်းသာတယ်၊ ဒါကြောင့်လည်း လက်ထပ်ဖြစ်ခဲ့လိုက်တာပါ''လို့ သူကဆိုပါတယ်။

play

 

အသက် ၂၀ ရှိပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးဟာ ငယ်ငယ်လေးကတည်းက ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိထားသူဖြစ်လို့ သူမကို ပရိသတ်တွေက ကလေးလေးလို မြင်နေကြတာဖြစ်ပါတယ်။လက်ထပ်မယ့်သတင်းကို လူသိရှင်ကြားမကြေညာဘဲ ပြုလုပ်လိုက်တဲ့အတွက် ကောလာဟလ သတင်း တွေ များစွာ ထွက်ပေါ်ကာ မယူမဖြစ်လို့ ယူလိုက်ရတယ်ဆိုတဲ့ သတင်းမျိုးတွေလည်းပြောဆိုနေကြတာ ဖြစ်ပါတယ်။

play

 

သရုပ်ဆောင်ယွန်းဝတီလွင်မိုးကတော့ချစ်သူဖြစ်တဲ့ မောင်ထက်ဦးလှိုင်နဲ့အတူ ဇန်နဝါရီလ ၄ ရက်နေ့ က ရန်ကုန်မြို့ Melia Hotel မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီမင်္ဂလာပွဲပြီး သွားတဲ့နောက်မှာလည်း ကောလာဟလ သတင်းအမျိုးမျိုးတွေလည်း ထွက်ရှိလာခဲ့ပါတယ်။ အဲ့ဒီသတင်း တွေအကြောင်းကိုလည်း ဖခင်ဖြစ်သူ အကယ်ဒမီလွင်မိုးက အခုလိုဖြေရှင်းပြောပြခဲ့တာပါ။ မောင်ထက်ဦးလှိုင်နဲ့ ယွန်းဝတီလွင်မိုး တို့ကတော့ ဇန်နဝါရီလ ၂၆ ၊ ၂၇ ရက်လောက် နိုင်ငံခြားပြန်ပြီး ကျောင်းဆက်တက်ရဦးမယ်လို့ သိရပါတယ်။

photo: ယွန်းဝတီလွင်မိုးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video