ဒါရိုက်တာပြည်ဟိန်းသီဟ ကတော့ ၂၀၁၈ ခုနှစ်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၁၇ ခုနှစ် တုန်းက လည်း ဆင်ဆာကိစ္စနဲ့ ပြဿနာလေးတွေရှိခဲ့တဲ့အတွက် ဆင်ဆာနဲ့ပတ်သက်တဲ့ သူ့ရင်ထဲက ခံစားချက်တွေကိုလည်း အခုလိုဖွင့်ပြောပြခဲ့ပါ တယ်။

play

 

'' ကျွန်တော်ရိုက်ခဲ့တာ ရုပ်ရှင် ၅၂ ကားရှိပြီ။ ၂ ကား တော့လွတ်တယ် ကား ၅၀ လောက်ထိတယ်။ ကျွန်တော်တို့ကတော့ လွတ်လပ်စွာ အနုပညာပုံဖော်ခွင့်ရချင်တယ်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံသားရဲ့ အခွင့်အရေး ရချင်တယ်။ အခုလိုခေတ်ကြီးမှာ International လို မှီကြပါဆိုပြီးတော့ ခွင့်မပြုပေးရင်တော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဇာတ်ကားတစ်ကားဆိုလည်း အခုချိန်ထိ ဆင်ဆာမှာ ငြိနေတဲ့ ကား တစ်ကားရှိသေးတယ် အဲ့ဒီဇာတ်ကားက ရွာတွင်းစစ် ''လို့ ဒါရိုက်တာပြည်ဟိန်းသီဟ က ပြောပါတယ်။

play

 

ဆင်ဆာကိစ္စနဲ့ ပတ်သက်ပြီး အငြိုးအတေးလေးတွေက အခုထိရှိနေတုန်းပဲလို့ ဆိုပါတယ်။

'' ဆင်ဆာကိစ္စကတော့ တော်တော်များများတော့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်၊ သူများတော့ ဘယ်လိုထိလည်းမပြောတတ်ဘူး ကိုယ်ကိုယ်တိုင် ကတော့ တော်တော်ကိုထိနေတယ်၊ နောက်ဆုံး ဘယ်လောက်အထိလည်းဆိုရင် လူကြီးတွေနဲ့ သွားတွေ့ရတဲ့အထိပဲပေါ့ ဒါရိုက်တာ ပြည်ဟိန်းသီဟ ဆိုရင် ဆင်ဆာမှာ လုပ်ရကိုင်ရ ခက်ခဲတယ်ဆိုတဲ့ သဘောလေးတွေပေါ့။ နည်းနည်းအငြိုးအတေးလေးတွေတော့ အခုထိရှိတုန်းပါပဲ အဲ့ဒီအမုန်းတွေကလည်း ဘယ်တော့မှပြေပျောက်မလဲ မသိပါဘူး'' လို့ ဆိုပါတယ်။

play

 

ပြည်ဟိန်းသီဟဇာတ်ကားဆိုရင် ဆင်ဆာတောင်လာမကြည့်တဲ့ အဖွဲ့ဝင်တစ်ယောက်ရှိတယ်လို့ သူကပြောပါတယ်။

'' ဆင်ဆာအဖွဲ့ထဲက တစ်ယောက်ဆိုရင် ကိုပြည်ဟိန်းသီဟ ကိုမုန်းလွန်းအားကြီးလို့ ကိုပြည်ဟိန်းသီဟ ဇာတ်ကားဆိုရင် ဆင်ဆာ တောင် လာမကြည့်ဘူး။ ဒါတွေက ပြောမယ်ဆိုရင် တကယ်တမ်းကြတော့ လုပ်လို့မရဘူးလေ၊ ဆင်ဆာအဖွဲ့သည် သူလူတစ်ဦးတစ်ယောက်ကို မုန်းတီးမှုကြောင့်ဆိုတာတွေမလိုဘူး သူကြည့်ကိုကြည့်ရမယ်၊ ဒါပေမယ့် ကိုပြည်ဟိန်းသီဟ ဇာတ်ကားဆိုရင် မကြည့်ပါဘူးဆိုပြီးတော့ အခုထိရှိနေတယ်ဆိုကတည်းက စဉ်းစားပေါ့''

play

 

ဒါရိုက်တာပြည်ဟိန်းသီဟ ကတော့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဟာသရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးဖန်တီး ပေးလေ့ရှိတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးခဲ့ရသလို ဆင်ဆာကိစ္စနဲ့ ပတ်သက်တဲ့ ပြဿနာလေးတွေရှိခဲ့တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ လူကြီးလူကောင်းများ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် လွင်မိုး၊ လူမင်း၊ ပြေတီဦး၊ နေတိုး၊ စိုးမြတ်သူဇာ၊ ထက်ထက်ထွန်း၊ ယွန်းဝင့်လွှာအောင်၊ ရွှေအိမ်စည်၊ စပ်ယွန်းဝတီဦး တို့ နဲ့ အတူ ဒါရိုက်တာ အဖြစ်လက်ခံရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video