သရုပ်ဆောင်ပြေတီဦးကတော့ ရိုက်ကွင်းပေါ်မှာ စက်မှုလုပ်သားတွေနဲ့အတူ ဇာတ်ပို့ဇာတ်ရံမောင်နှမတွေအားလုံးကို ကဲစမ်းမဲဖောက်ပေးခဲ့ပြီး လုပ်ဖော်ကိုင်ဖက်တွေကို ပျော်စေချင်တဲ့ ဆန္ဒကြောင့် လုပ်ပေးဖြစ်ခဲ့တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အဓိက ကတော့ပျော်စေချင်တာပါ၊ ကျွန်တော်တို့ အနုပညာလောကသမားတွေက အိမ်မှာထက်တောင် ရိုက်ကွင်းမှာနေရတဲ့အချိန်က များ တယ်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ဘဲအတူတူရှိရတာများတယ်ဆိုတော့ ကိုယ့်ဘာသာကိုယ် မရှိရှိတာလေးကိုပဲ ရှာကြံပြီးတော့ ပျော်ကြရ တာလေ။ စက်အဖွဲ့တွေကိုလည်း မုန့်ဖိုးလေးပေးလိုက်ရင် ပြီးသွားမယ့် အတူတူ မဲလေးနှိုက်ပြီးတော့ ပေးလိုက်မယ်ဆိုရင် ရင်ခုန်ရတယ်၊ ပျော်ရတယ်၊ ဆုတောင်းရတယ်  စသဖြင့် အပျော်လေးတွေ ခံစားလို့ရတယ်လေ အဲ့ဒါကြောင့်ပဲ လုပ်ပေးဖြစ်တာပါ'' လို့ သူက ဆိုပါတယ်။

play

 

လုပ်ဖော်ကိုင်ဖက်အဖွဲ့သားတွေပျော်ရင် ကျွန်တော်လည်းပျော်တယ်လို့ ပြေတီဦးက ပြောပါတယ်။

'' ကျွန်တော့်အဖွဲ့သားတွေပျော်တယ်ဆိုရင် ကျွန်တော် တအားပျော်တာပေါ့။ ကျွန်တော်ကတော့ ကိုယ့်ဘေး ပတ်ဝန်းကျင်မှာရှိတဲ့လူတွေ အားလုံးကို ပျော်စေချင်ပါတယ်၊ စိတ်ချမ်းသာစေချင်ပါတယ်၊ တက်နိုင်သမျှလေး လုပ်ပေးရတော့ သူတို့ပျော်တယ်ဆိုရင် ကိုယ်လည်းပျော်ရ တာပေါ့'' လို့ ပြေတီဦးက ပြောပါတယ်။

play

 

ကံစမ်းမဲအတွက် ပထမဆုကို တစ်သိန်းခွဲ၊ ဒုတိယဆုကို တစ်သိန်းနဲ့ တတိယဆုကို ရှစ်သောင်းကျပ်ဆိုပြီး သတ်မှတ်ထားကာ ဗလာမဲ ကျတဲ့ သူကိုတော့ တစ်သောင်းစီပေးခဲ့တယ်လို့ သိရပါတယ်။ ပြေတီဦးအနေနဲ့ ရွာဂေါ်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကွင်းတုန်းကလည်း ပထမ(၁ သိန်း)၊ ဒုတိယ(၈သောင်း)၊ တတိယ(၇သောင်း) ဆိုပြီးတော့ ကံစမ်းမဲနှိုက်ပေးခဲ့ပြီး မဲ မပေါက်တဲ့ အဖွဲ့သားတွေကို တစ်ယောက် တစ်သောင်း ကျပ် စီပေးခဲ့တယ်လို့ သိရပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video