ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးအထူးပြသပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းက သာကေတမြို့နယ်မှာရှိတဲ့ Mega Ace Cineplex Capital Hyper Market မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာပါဝင်ကြတဲ့ သရုပ်ဆောင်တွေကလည်း အခုလိုပြောပြခဲ့ပါ တယ်။

play

 

ခရစ္စတီးနားခီ (ဒါရိုက်တာ)

____________________

ရိုက်ကူးရေးအနေနဲ့ကတော့ အမြဲတမ်း ဘတ်ချက်ကို ထိန်းပြီးတော့ ရိုက်ရတယ်၊ ပရိုဂျူဆာတွေဘက်ကရော အစ်မတို့ဘက်ကရော ဘယ်လောက်ပဲ ပိုက်ဆံကို ထုတ်နိုင်တယ်ဆိုပေမယ့် ပြည်ပမှာဆိုရင် တစ်ရက်စာကို အစ်မတို့က တစ်ကားစာလောက်ရိုက်ရတာဆိုတော့ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။

play

 

ဇဏ်ခီ

__________

ကျွန်တော်တို့တွေ အတက်နိုင်ဆုံးကြိုးစားထားကြတယ်၊ အကောင်းဆုံး သရုပ်ဆောင်ထားတယ် ပရိသတ်ကိုချပြတဲ့အခါ ပရိသတ်ကြိုက်ပါ့ မလားဆိုတဲ့ စိုးရိမ်စိတ်လေးတော့ရှိပါတယ်။ ဇာတ်လမ်းရဲ့ ထွေလာလေးမှာတော့ အိမ်ထောင်ရေးဇာတ်လမ်းလေးလို့ တွေးထားမယ် ဒါပေမယ့် ဇာတ်လမ်းက အရမ်းကြီးတယ်။

play

 

အောင်မြင့်မြတ်

_______________

ဇာတ်ကားတစ်ကားလုံးမှာ ဘယ်သူမှ အိုက်တင်လိုမလုပ်ကြဘူး။ တစ်ယောက်နဲ့ တစ်ယောက်က Trainning နိုင်နေတာလို့ပြောလို့ရတယ်။ အိုက်တင်နည်းနည်းပါသွားတာနဲ့ အစ်မတွေ ကလည်း အိုက်တင်လုပ်နေရင်လည်း ကိုယ့်ကိုယ်ကိုတောင်မယုံတဲ့ အိုက်တင်တစ်ခုကို မင်းလုပ်နေရတယ် ဆိုပြီးတော့ ဒါရိုက်တာတွေဆီက ပြန်ပြီးသင်ယူရတာတွေလည်း ရှိပါတယ်။

play

 

ခြူးစစ်ဟန်

____________

ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နှင်းနှင်းဆိုတဲ့ ကောင်မလေး မင်းထက်ရဲ့ ညီမလေးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားတာပါ။ သူ့ အစ်ကိုကိုအရမ်းချစ်တယ် မောင်နှမကလည်း ၂ ယောက်တည်းရှိတယ်။ မိဘတွေက နိုင်ငံခြားမှာဖြစ်ပြီးတော့ အရမ်းချမ်းသာတဲ့ လူတွေဖြစ်တဲ့ အတွက် အစ်ကိုဘာဖြစ်ချင်လဲ ညီမက ဖြည့်ဆည်းပေးတယ်၊ ညီမဘာဖြစ်ချင်လဲ အစ်ကိုက ဖြည့်ဆည်းပေးတယ်။

play

 

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးကို Central Base ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးပုံ ဖော်ထား တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်အကယ်ဒမီ မင်းဦး၊ ဇဏ်ခီ၊ အောင်မြင့်မြတ်၊ ကျော်ကိုကိုဝေ၊ အကယ်ဒမီသက်မွန်မြင့်၊ Kaew Koreavee ၊ ခြူးဆစ်ဟန်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဥပါယ်တံမျဉ်ရုပ်ရှင် ဇာတ်ကားကြီးကို ဇန်နဝါရီလ ၁၉ ရက်နေ့က စပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video