AD
AD
AD

သရုပ်ဆောင်နေမျိုးအောင်ကတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ လတ်တလော သူ့ရဲ့ အနုပညာ လှုပ်ရှားမှုအကြောင်းအရာတွေကို Duwun media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' ဝင်ကစွပ် ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးကိုရိုက်ထားတယ်၊ ပညာပေးဇာတ်ကားလေးပါပဲ နန်းခင်ဇေယျာလည်းပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ အစ်ကိုက ရွာတစ်ရွာကို ရိုက်ကွင်းသွားတဲ့အဲ့ဒီထဲက မင်းသားတစ်လက်ပေါ့၊ အဲ့ဒီရွာမှာ အစ်ကို့ရဲ့ အနုပညာကိုလေးစားမြတ်နိုးတဲ့ ကောင်လေး တစ်ယောက်နဲ့ သွားတွေ့တယ်ပေါ့ အဲ့ဒါမျိုး ဖရိန်လေးပါ'' လို့ သူကဆိုပါတယ်။

play

 

ဝင်ကစွပ် ဗီဒီယိုဇာတ်ကားပြီးတော့ ဒါရိုက်တာစတီးလ် နဲ့ ရုပ်ရှင်ဇာတ်ကားရိုက်နေတယ်လို့ သူကဆိုပါတယ်။

'' ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာဂျိုးနဲ့ ရိုက်ထားတယ်၊ အခုတော့ ဒါရိုက်တာစတီး(ဒွေးမေတ္တာ) နဲ့ ဗိုလ်နေတိုးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကို အစ်ကိုတို့က ပထမကတော့ မြဝတီမှာသွားရိုက်မလို့ပဲ အခက်အခဲတွေ ရှိတဲ့အတွက် မေမြို့ကို Location ပြန်ပြောင်းလိုက်တယ်။မေမြို့မှာ ၁၀ရက်နေ့ကတည်းက စရိုက်နေတယ်'' လို့ ဆိုပါတယ်။

play

 

ဗိုလ်နေတိုးရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လူဆိုးဗိုလ်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီး ထဲမှာ သရုပ်ဆောင် အကယ်ဒမီ မင်းဦး၊  နေမျိုးအောင်၊ အကယ်ဒမီနေတိုး နဲ့ ထွန်းကိုကို တို့က အဓိက ပါဝင်သရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD