AD
AD
AD

Myanmar idol Season 2 မှာလည်း အမှတ်ပေးဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့တဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ တင်ဇာမော်ကတော့ Myanmar idol Season 3 မှာလည်း အမှတ်ပေးဒိုင်လူကြီးတစ်ယောက်အဖြစ် ပြန်လည်ပါဝင်လာတဲ့ အပေါ် သူ့ရဲ့ ခံစားချက်တွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ပြိုင်ပွဲဝင်ရမယ့် ပြိုင်ပွဲဝင်တစ်ဦးမဟုတ်ပေမယ့် အကဲဖြတ်ပေးရမယ့် ဒိုင်တစ်ဦးအနေနဲ့ အရည်အချင်းရှိတဲ့ ကလေးတွေ ဘယ်လောက်အထိ လာပြီးတော့ ပြိုင်ကြမလဲ။ ဘယ်လောက်အထိ အစ်မတို့က ရွေးထုတ်ပေးနိုင်မလဲ ဆိုတဲ့ အပေါ်မှာ စိတ်လှုပ်ရှားတယ်'' လို့ ဆိုပါတယ်။

play

 

ပြိုင်ပွဲဝင်ကြမယ့် အဆိုဝါသနာရှင်တွေအတွက် ပြင်ဆင်ထားရမယ့် အပိုင်းတွေကိုလည်း တင်ဇာမော်က အခုလို အမှာစကားပြောပြခဲ့ပါတယ်။

'' အစ်မအနေနဲ့ကတော့ သူတို့ကို သီချင်းတွေ များများနားထောင်ထားဖို့ရယ်၊ ကိုယ့်အသံကိုယ် ကြိုးစားပြီးတော့ လေ့ကျင့်ထားဖို့အပြင် ကျန်းမာ ရေးလည်းဂရုစိုက်ဖို့လိုတယ်။ ကျန်းမာရေးကောင်းမှ သီချင်းဆိုရတာလည်း အဆင်ပြေမှာလေ။ အဲ့ဒီအပြင် စိတ်ပေါ့နော် ဇွဲ၊ သည်းခံနိုင် မှု  ဒီဟာတွေလည်း အရေးကြီးတယ်။ ပြိုင်ပွဲဝင်မယ့် ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ တစ်ခါတစ်လေကျရင် ပေါ့ပေါ့လေး နေတတ်ရသလို အရမ်း လေးလေးနက်နက်လည်းနေတတ်ရတယ် ။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကို လိုအပ်ရင် လိုအပ်သလိုနေနိုင်အောင်လို့ စိတ်ပိုင်းဆိုင်ရာ ကျန်း မာရေးကို အထူးဂရုစိုက်ပြီးတော့နေပါ'' လို့ တင်ဇာမော်က ပြောပါတယ်။

play

 

တင်ဇာမော်ကတော့ ၂၀၁၇ ခုနှစ် နှစ်ကုန်ခါနီးမှာလည်း Seven ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးအပြင် တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ရန်ကုန်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဂီတအတွေ့အကြုံတွေ အများကြီးရှိတဲ့ တင်ဇာမော်ကတော့ Myanmar idol Season 3 မှာလည်း ဒိုင်လူကြီးတစ်ယောက်အဖြစ်ထပ်မံပါဝင်သွားမှာဖြစ်လို့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာသာ အနုပညာအလုပ်တွေ ပြန်လုပ်သွားမယ်လို့ သိရပါတယ်။

Photo: တင်ဇာမော် Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD