မကြာခင်ရုံတင်တော့မယ့် ကြီးလေးကြီး ရုပ်ရှင်ဇာတ်ကားထဲက လူပျိုကြီးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ခန့်စည်သူကတော့ ရိုက်ကွင်းပေါ်က အမှတ်တရ အကြောင်းတွေကို Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

'' ကြီးလေးကြီး ရိုက်နေတဲ့အချိန်မှာ အူဝဲတို့ပေါ့ ဆော့ပြီးတော့ Live လွှင့်ကြတာ ကျွန်တော် Live တစ်ခါမှလည်း မလွှင့်ဖူးဘူး ကိုလူမင်းကလည်း Live ထဲမှာ တစ်ခါမှ မပါဖူးဘူး ကျွန်တော်တို့က Live ရဲ့ သဘောသဘာဝကို မသိတော့ သူတို့က Live လွှင့်တယ် ပရိသတ်နဲ့ တိုက်ရိုက်တွေ့ ရ တယ်ဆိုတော့ မခိုင်လေးနဲ့ သူတို့ကတော့ အဆင်ပြေပြေပြောနေကြတာ။ ဇာတ်ကားပြန်ကြည့်တဲ့အခါမှာလည်း ပျော်စရာကောင်းပါ တယ် လိုအပ်ချက်လေးတွေတော့ နည်းနည်းရှိတယ်၊ ကျေနပ်အားရမှု အပိုင်းကတော့ ပိုပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ပရိသတ်တွေကို အရမ်းကောင်းတဲ့မက်ဆေ့ခ်ျတွေမပေးနိုင်ပေမယ့် ဟာသကို ဟာသလို့ပဲမြင်ပေးပါလို့ ဆိုပါတယ်။

'' ပရိသတ်ကို ဗဟုသုတအကြီးကြီးပေးတဲ့ ဇာတ်ကားလည်း မဟုတ်ပါဘူး၊ အရမ်းကောင်းတဲ့ မက်ဆေ့ခ်ျပေးတဲ့ ဇာတ်ကားမျိုးလည်း မဟုတ်ပါ ဘူး၊ ဒါက ဟာသ သက်သက်ပါ။ ဟာသကို ဟာသလိုပဲ မြင်ပေးကြဖို့ ပြောချင်ပါတယ်'' လို့ ခန့်စည်သူက ပြောပါတယ်။

play

 

သရုပ်ဆောင်ခန့်စည်သူကတော့ ကြီးလေးကြီး ဆိုတဲ့အတိုင်း အုပ်ကြီး၊ လူပျိုကြီး၊ အပျိုကြီး၊ အာကြီး ဆိုတဲ့ ကြီးလေးကြီးထဲက လူပျိုကြီး ဆိုတဲ့ လူတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လူပျိုကြီးကတော့ အရမ်းကို ကပ်စေးနဲတဲ့သူတစ်ယောက်ဖြစ်ပြီး ကိုယ့်ဦးလေး ဖြစ်သူ ကိုတောင် မသဒ္ဒါတဲ့ သူ၊ ကိုယ့်ဝမ်းကိုယ်တောင်ပြည့်အောင် မဖြည့်ချင်တဲ့ ကပ်စေးအလွန်နဲ လှတဲ့ လူပျိုကြီးတစ်ယောက် ဖြစ်ပါတယ်။

Photo: အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video