AD
AD
AD

အဆိုတော်ရေဗက္ကာဝင်းကတော့ ကချင်ဘာသာစကားနဲ့ ထွက်ရှိလာတဲ့ Maka ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ပရိသတ်တွေနဲ့ စတင်မိတ်ဆက် ပေးတော့မှာဖြစ်ပါတယ်။ အနုပညာအလုပ်နဲ့ အလှမ်းဝေးခဲ့ပေမယ့် ကချင်ဘာသာစကားနဲ့ တေးစီးရီးပြန်လည်ထွက်ရှိလာတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အခွေရဲ့ ရည်ရွယ်ချက်ကတော့ ကချင်အခွေဆိုပေမယ့် ကချင်လူမျိုးတစ်မျိုးတည်းကိုပဲ ကိုယ်စားပြုတာမဟုတ်ပါဘူး၊ အဓိက ကတော့ တိုင်းရင်းသားအခွေလို့ သတ်မှတ်ချင်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအများကြီးနေထိုင်ကြတယ် အဲ့ဒီမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးတမ်းစဉ်လာတွေ၊ ကိုယ်ပိုင်အနုပညာတွေကိုတော့ ကိုယ့်ဘာသာကိုယ်တော့ ဖန်တီးနေကြတာပဲ ကိုယ့်ဘာသာကိုယ်လည်း ဖော်ထုတ်နေကြတာပဲ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့်လေး ထွက်မလာဘူးပေါ့နော်၊ တိုင်းရင်းသားအခွေဈေးကွက်ကိုလည်း ကျယ်စေ ချင်တယ်'' လို့ သူကဆိုပါတယ်။

play

 

ကချင်လူမျိုးဆိုပေမယ့် ကပြားတစ်ဦးဖြစ်တာကြောင့် အခွေစီစဉ်တဲ့အချိန်မှာ စိတ်လှုပ်ရှားမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

'' ရေဗက္ကာက ကချင်လူမျိုးတစ်ဦးဆိုပေမယ့် ကပြားပေါ့နော်။ ရန်ကုန်မှာပဲနေတယ်၊ ရန်ကုန်မှာပဲကြီးတယ် ကချင်စကားဆိုရင်လည်း အိမ်မှာလောက်ပဲပြောဖြစ်တယ် အပြင်မှာပြောတာမျိုးမရှိတော့ နေ့စ္စဓူဝပြောတဲ့စကားတွေလောက်ပဲ ပြောနေကြဖြစ်တာပေါ့။ အနုပညာ ဆန်ဆန်၊ ကဗျာဆန်ဆန် ပြောလေ့ပြောထမရှိတော့ တော်တော်လေး အခက်အခဲရှိမယ်လို့ မျှော်လင့်မိခဲ့တယ်၊ အရမ်းလည်း စိတ်လှုပ်ရှား ခဲ့တယ်'' လို့ ဆိုပါတယ်။

play

 

အဆိုတော်ရေဗက္ကာဝင်းကတော့ ပရိသတ်တွေနဲ့ ဝေးကွာခဲ့တာ ၇ နှစ်ကျော် ၈ နှစ်နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေနဲ့ နှစ်တွေအတော်ကြာဝေးကွာခဲ့ပြီးနောက် ပြန်လည်ထွက်ရှိလာတဲ့ တစ်ကိုယ်တော်အခွေမှာလည်း ရင်ခုန်စိတ်လှုပ်ရှားမှုတွေရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD