သရုပ်ဆောင်အကယ်ဒမီနေတိုးကတော့ ကမ္ဘာကျော်ရွာ ရုပ်ရှင်ဇာတ်ကားကြီးအထူးပြသပွဲကို တက်ရောက်လာတာဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကား ကြီး ပြန်ကြည့်ပြီးတဲ့နောက်မှာတော့သူ့ရင်ထဲက အမှတ်တရ စကားသံတွေကို Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

'' ကမ္ဘာကျော်ရွာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက သရုပ်ဆောင် အနုပညာဝါသနာပါခဲ့တဲ့ အချိန်ကိုတောင် ပြန်သတိရတယ်။ ပြီးတော့ လူတစ်ယောက်က မိမိယုံကြည်ရာ မိမိ ရူးသွပ်ကြတဲ့ သူတွေချည်းပါပဲ။  ဒီဇာတ်ကားထဲက ရူးသွပ်မှုဆိုတာကလည်း တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပေါ့နော် လွန်လွန်ကြူးကြူးဖြစ်သွားရင် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကို မက်ဆေ့ခ်ျပေးထားတယ်'' လို့ ဆိုပါတယ်။

play

 

အမှတ်တရ ဖြစ်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေရှိခဲ့တယ်လို့ ဖွင့်ပြောခဲ့ပါသေးတယ်။

'' ဒီဇာတ်ကားကို ပြန်ကြည့်တဲ့အချိန်မှာလည်း ကိုယ်ကိုယ်တိုင် ရိုက်ကူးတဲ့အချိန်တုန်းက အမှတ်တရတွေရှိခဲ့တယ်။ မနေနိုင်အောင် ရိုက်ကူးလို့မရနိုင်အောင် ရီမောခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေလည်းရှိတဲ့အခါကျတော့ ပြန်ကြည့်တဲ့အချိန်မှာ ပြန်သတိရတယ်။ စိတ်ထဲမှာ အမှတ်ရခြင်းများစွာနဲ့ ဒီဇာတ်ကားလေးကို နှစ်သက်မိတယ်။ ရိုက်ခဲ့တာကြာပြီဆိုပေမယ့် မနေ့တနေ့ကလိုပဲ ခံစားရတယ်'' လို့ သူကဆိုပါတယ်။

play

 

နေတိုးကတော့ ကမ္ဘာကျော်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သာကျော်ဆိုတဲ့ လူငယ်တစ်ယောက်၊ သရုပ်ဆောင်အလုပ်ကို ဝါသနာပါလွန်းပြီး အိုက်တင်ကျင့်လိုက်တိုင်း တစ်ယောက်မဟုတ်တစ်ယောက် ထိတ်လန့်စေရတာကြောင့် ရွာလူကြီးအိမ်က ထိပ်တုံးကတော့ သာကျော့်အတွက် သာ သီးသန့်လိုဖြစ်နေတဲ့ ကာရိုက်တာမျိုးကို ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဖေဖော်ဝါရီလ ၁၉ ရက် နေ့က စပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video