AD
AD
AD

နယူးဗားရှင်းရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက Capital Hyper Market မှာရှိတဲ့ Maga ACE ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေရဲ့ ကာရိုက်တာအကြောင်းတွေကိုလည်း အခုလိုမိတ်ဆက်ပေးခဲ့ပါတယ်။

play

 

ညီညီဇော်နိုင် (ဒါရိုက်တာ)

____________________

ဒီဇာတ်ကားကတော့ ကျွန်တော့်ရဲ့ ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။ ပရိသတ်အားပေးတာထက် ကြိုက်တယ်ဆိုတဲ့ စကားလေးနဲ့ ပီတိဖြစ်ချင်တာပါ။ ကျွန်တော့်ရဲ့ ဆရာတွေကိုလည်း ကျေးဇူးဆပ်ခွင့်ရအောင် ကြိုးစားထားတာပါ။

play

 

မင်းမော်ကွန်း

_______________

ကျွန်တော်ကတော့ ဒီဇာတ်ကားထဲမှာ အမြဲတမ်းကံဆိုးနေတတ်တဲ့ လူတစ်ယောက်ပေါ့။ နာမည်က ကံကောင်းဆိုတဲ့ လူတစ်ယောက် နေရာက နေ ပါဝင်ထားပါတယ်။

play

 

နန်းမြတ်ဖြိုးသင်း

_______________

ဒီဇာတ်ကားထဲမှာ နန်းမြတ်က ဟိုတယ်လ်ဝန်ထမ်းပေါ့နော်။ အဲ့ဒီမှာမှ မန်နေဂျာအဆင့်လောက်ရှိတဲ့ ကောင်မလေး ကိုယ့်ချစ်သူကို ချစ်လွန်းလို့ လက်ထပ်ထားတယ်၊ မိဘက သဘောမတူတဲ့ကြားက လက်ထပ်ထားတာဆိုတော့ ကိုယ့်ကို အဆက်အသွယ်ဖြတ်ထားတယ်။

play

 

ရွှေသမီး

__________

ဒီဇာတ်ကားထဲမှာ ပါဝင်ထားတဲ့ ကာရိုက်တာလေးကတော့ ရှင်းသန့်ချိုဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ့၊ ဒီလိုပဲ လူငယ်ဆန်ဆန် ပေါ့ပေါ့ ပါးပါး နေတတ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့။

play

 

နယူးဗားရှင်း ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသသွားမယ်လို့သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ကျော်ရဲအောင်၊ အကယ်ဒမီမင်းဦး၊ မင်းမော်ကွန်း၊ညီထွဋ်ခေါင်၊ နန်းမြတ်ဖြိုး သင်း နဲ့ ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်နေကြတာဖြစ်ပါတယ်။ New Version ရုပ် ရှင်ဇာတ်ကားကြီးကလည်း ဒါရိုက်တာညီညီဇော်နိုင်ရဲ့ ပွဲဦး ထွက် ပထမ ဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD