ရွှေသမီးတစ်ယောက်ကတော့ နယူးဗားရှင်းရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက် ချစ်သူနဲ့မခွဲနိုင်လို့ မိဘကိုတောင် ပြန်လိမ်ရဲတဲ့ မိန်းကလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ရိုက်ကွင်းပေါ်က အမှတ်တရတွေအကြောင်းကိုလည်း Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဒီဇာတ်ကားလေးက အလှိမ့်အပတ်လေးတွေ များတယ်လေ ဦးမင်းဦးရဲ့ သမီးနေရာကနေပြီးတော့မှ မြုပ်ကွက်လေးတွေထားထားတယ်။ နောက်ပိုင်း ကျတော့မှ ပေါ်လာတယ်ပေါ့နော်။ ဇာတ်ဝင်ခန်းတိုင်းကိုတော့ ကြိုက်ပါတယ်၊ အမှတ်တရ ဇာတ်ဝင်ခန်းလေးဆိုရင်တော့ ကိုကျော့်ကို ရေထဲက ဆယ်ပြီးတော့မှ ကယ်တဲ့အခန်းပေါ့နော်။ အဲ့ဒီမှာ ကိုကျော်က ရေနစ်နေတာမဟုတ်ဘူး ကိုယ်က ရေနစ်နေတာ'' လို့ သူကဆိုပါတယ်။

play

 

ရိုက်ကွင်းပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ရာသီဥတု အခက်အခဲကလည်းရှိတယ် သွားတဲ့အချိန်တုန်းကဆိုရင် မိုးအရမ်းရွာတယ်။ ဖြေးဖြေးရွာတာလည်းမဟုတ်ဘူး အကြီးအကျယ်ကို ရွာတာ။ ကမ်းစပ်မှာလည်း ကားတွေ၊ ဆိုင်ကယ်တွေ စီးတဲ့အခန်းဆိုရင် မိုးက တော်တော်ကိုရွာနေတာ ပင်လယ်ထဲတောင်မဆင်းရသေးဘူး အဲ့ဒါစီးရုံနဲ့တင် တစ်ကိုယ်လုံး စိုရွှဲနေတာပေါ့ အဲ့ဒါက အမှတ်တရပါပဲ''

play

 

သရုပ်ဆောင်ရွှေသမီးကတော့ နယူးဗားရှင်းရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ချစ်သူ၊ မင်းဦးရဲ့ သမီးအဖြစ်ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video