အဆိုတော်သားစိုးကတော့ ဂီတမှာ ရောသမမွှေလို့ အောင်မြင်ခဲ့သမျှ သူချစ်ရတဲ့ ပရိသတ်တွေအတွက် အရသာအသစ်တွေ ပေးစွမ်းချင်တဲ့ စေတနာနဲ့ ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးသွားမယ့် မြန်မာမုန့်လုပ်ငန်းအကြောင်းကိုလည်း Duwun Media ကနေမိတ်ဆက်ပေးခဲ့ပါတယ်။

play

 

'' မုန့်ကတော့ လက်ဖက်နဲ့ အကြော်စုံနဲ့ တခြား မြန်မာမုန့်တွေပေါ့။ ကိုယ်ကလည်း မြန်မာမုန့်ကြိုက်တာကိုး၊ အခုချိန်မှာ ကျွန်တော်တို့ မြန်မာမုန့်စားချင်တယ်ဆိုရင် အလွယ်တကူစားလို့မရပါဘူး။ ကျွန်တော်ကတော့ ကိုယ်တိုင်လုပ်တဲ့မုန့်ကို သန့်သန့်ရှင်းရှင်းနဲ့ အများကြီး လည်းရောင်းနိုင်မယ် မထင်ပါဘူး၊ တစ်နိုင်တစ်ပိုင်လောက်ကို ကြိုးစားပြီးရောင်းမှာဖြစ်ပါတယ်။ အဓိက ကတော့ ကိုယ်စားတဲ့အရသာကို ကိုယ့်ပရိသတ်တွေကို စားစေချင်လို့ပါ'' လို့ သူကဆိုပါတယ်။

play

 

မြန်မာမုန့်ထုတ်လုပ်ဖြန့်ဖြူးသွားမယ်ဆိုတဲ့ သူ့ရဲ့ ဆန္ဒကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ဂီတမှာ ရောတယ်မွှေတယ်ဆိုရင်လည်း အရသာအသစ်တွေထွက်သလို မုန့်မှာလည်း ရောတယ်မွှေတယ်ဆိုရင် အရသာအသစ်လေး ထွက်လာတယ် ခင်ဗျ။ ကျွန်တော်ကိုယ်တိုင်စမ်းကြည့်ပြီးတော့မှ သကြားလေးထည့်လိုက် ဆားလေးထည့်လိုက်၊ သံပုရာရည်လေးထည့်လိုက်နဲ့ ပြောရင်းနဲ့တောင် စားချင်လာတယ်၊ အဲ့ဒီအရသာတွေကို ပရိသတ်စားစေချင်တဲ့အတွက်ကြောင့်ပါ'' လို့ ဆိုပါတယ်။

play

 

ကိုယ်ပိုင်ထုတ်လုပ်မယ့် အစားအသောက်အတွက် ပရိသတ်တွေကို အခုလို စကားလက်ဆောင်ပါးခဲ့ပါတယ်။

'' ကျွန်တော့်ရဲ့ ရောသမမွှေကို ကြိုက်တဲ့ ပရိသတ်တွေကတော့ ကျွန်တော့်ရဲ့ လက်ဖက်နဲ့ မုန့်လုပ်ငန်းကို ကြိုက်မှာ ကျိန်းသေတယ်။ ရောသမမွှေ ကို နားထောင်လိုက်တဲ့အချိန်မှာလည်း အရသာအသစ်ထွက်သလို ကျွန်တော့်ရဲ့ မြန်မာမုန့်တွေကို စားရင် အရသာအသစ် ထွက်မယ်ဆိုတာ အာမခံရဲတယ်ကြိုက်မှာလည်း ကျိန်းသေတယ်'' လို့ သားစိုးက ပြောပါတယ်။

play

 

အဆိုတော်သားစိုးကတော့ ရောသမမွှေဆိုပြီး ဂီတမှာလည်း အောင်မြင်သလို အစားအသောက်နဲ့ ပတ်သက်ပြီး မြန်မာမုန့်တွေနဲ့ မြန်မာ ပရိသတ်တွေကို ရောသမမွှေသွား ဦးမှာဖြစ်ပါတယ်။ သူ့ရဲ့ မုန့်လုပ်ငန်းကိုတော့ မကြာခင်ကာလအတွင်းမှာ ပရိသတ်တွေနဲ့ မိတ်ဆက် ပေးတော့မှာပါ လက်ရှိမှာလည်း ပရိသတ်တွေရဲ့ အရှေ့ကို ခဏခဏမရောက်ဖြစ်တာက မုန့်တွေကို စမ်းသပ်နေလို့ပါလို့ ဆိုပါတယ်။

Photo: သားစိုးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video