AD
AD
AD

မတ်လ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီရင်ခုန်သံအနေနဲ့ကျင်းပပြုလုပ်နေစဉ် နာရီပိုင်းအတွင်း လောက်မှာသာ အကယ်ဒမီနဲ့ ပတ်သက်ပြီး စဉ်းစားတာမျိုးရှိနိုင်မယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အခုချိန်မှာတော့ ကျွန်တော် အကယ်ဒမီရဲ့ စိတ်ကူး၊ မျှော်လင့်ချက်ဆိုတာ ရှိမနေပါဘူး။ ပွဲနဲ့ နီးလို့ နာရီပိုင်းအလိုလောက်မှာ အကယ်ဒမီနဲ့ ပတ်သက်ပြီး စဉ်းစားဖြစ်တာမျိုးတော့ရှိမှာပေါ့နော်၊ အခုချိန်ထိကတော့ အခုလုပ်နေတဲ့ အလုပ်အပေါ်မှာပဲ အာရုံရှိနေတယ်'' လို့ ဆိုပါတယ်။

play

 

၂၀၁၇ ခုနှစ်အတွက် ပေးမယ့် အကယ်ဒမီတွေကလည်း ပရိသတ်ပေးချင်တဲ့သူတွေနဲ့ ထပ်တူကျစေချင်တယ်လို့ဆိုပါတယ်။

'' ပရိသတ်နဲ့ တစ်ထပ်တည်းကျမယ့် ဆုတွေ ဖြစ်စေချင်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ အနုပညာမောင်နှမတွေ အကုန်လုံးအတွက်တော့ ရင်ခုန်ရပါတယ်'' လို့ နေတိုးက ပြောပါတယ်။

play

 

သရုပ်ဆောင်နေတိုးရဲ့ ပရိသတ်တွေကလည်း နေတိုးကိုယ်တိုင်ကြိုးစားအားထုတ်မှုတွေရှိခဲ့တဲ့ တာတေကြီး ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရစေချင်တဲ့အပေါ် သူ့ရင်ထဲက စကားသံကိုလည်း Duwun Media က အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။

' အကယ်ဒမီနဲ့ ပတ်သက်လို့ကတော့ ထွေထွေထူးထူး ရင်ခုန်နေတာမျိုးတော့မရှိပါဘူး။ ဒါပေမယ့် ပရိသတ်တွေရင်ထဲမှာ ၂၀၁၇ ထဲမှာ ကျွန်တော်ထွက်ရှိခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်အပေါ်မှာ အခုလိုမျိုး အကယ်ဒမီခန့်မှန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ဖီလင်ကတော့ ထွေထွေထူးထူး တစ်ဦးတစ်ယောက်ရဲ့ ခံစားမှုရှိမနေပါဘူး လက်ရှိလုပ်နေတဲ့ အလုပ်အပေါ်မှာပဲ အာရုံစူးစိုက်ပြီးတော့ အကောင်းဆုံးကြိုးစားနေတယ်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်နေတိုးကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများကြီးရှိပေမယ့် သူ့ရဲ့ ပရိသတ်နဲ့ရော သူကိုယ်တိုင်ရော စိတ်ကြိုက်ဖြစ်ခဲ့တဲ့ တာတေကြီးရုပ်ရှင်ဇာတ်ကားကတော့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါ တယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း အရင်ထက်ပိုကောင်းတဲ့ တင်ဆက်မှုတွေ ပရိသတ်ဆီချပြနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo: နေတိုးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD