AD
AD
AD

ပရိသတ်ကြီးတွေရဲ့အချစ်တော် နေမင်းက သူငယ်ငယ်တုန်းက စစ်ဗိုလ်တစ်ယောက်အဖြစ်ဝါသနာပါခဲ့တာဖြစ်ပါတယ်။ အခုတော့ စစ်ဗိုလ်မဖြစ်ပဲ မင်းသားတစ်ယောက်ဖြစ်လာတဲ့ အမှတ်တရကိုလည်း Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

''ကျွန်တော် ကလေးဘဝတုန်းက ကြီးရင်ဘာလုပ်မလဲမေးရင် စစ်ဗိုလ်လုပ်မယ်လို့ အမြဲဖြေတယ်။ ၁၀တန်းအောင်ပြီးတော့လည်း ဗိုလ်သင်တန်းသွားဖြေဖူးသေးတယ်။ အမေက သိသွားပြီးပြန်ခေါ်တော့ စစ်ဗိုလ်မဖြစ်တော့တာ၊ စစ်ဗိုလ်မဖြစ်တော့ပဲနဲ့ မင်းသား ဖြစ်လာတာပေါ့။ အခုသရုပ်ဆောင်ရတဲ့နေရာမှာလည်း ပြည်ထောင်စု သစ္စာရော၊ စစ်ကိုမုန်း၍တိုက်ခဲ့သည် ဇာတ်ကားတွေမှာက အရင်ကလို ပေါ်လစီဇာတ်ကားတွေလို စကားတွေအများကြီးပြောပြီး မြှောက်ပင့်ဖားပြီး ပြောရတဲ့ ဇာတ်ကားမျိုးတွေမဟုတ်ဘူး'' လို့ ဆိုပါတယ်။

play

 

တကယ့်စစ်ဗိုလ်မဖြစ်ခဲ့ပေမယ့် စစ်ဗိုလ်ကာရိုက်တာသရုပ်ဆောင်ရတဲ့ အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' တကယ့်ဇာတ်ကောင်၊ တကယ်လက်တွေ့မှာ လူနေမှုအစစ်အမှန် လက်တွေ့မှာရှိနေတဲ့ အခြေခံတွေမှာရှိတဲ့ စစ်ဗိုလ်တွေ ရဲ့ဘဝကို ပြရတဲ့အခါကျတော့ အိုက်တင်လုပ်ရတာလည်း အဆင်ပြေတယ်၊ ကျွန်တော်လည်းနှစ်သက်တဲ့အတွက် ဝင်လုပ်ဖြစ်ခဲ့တယ်။ စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဇာတ်ကားမှာလည်း ဗိုလ်ဥာဏ်ဆိုတာက တကယ်အပြင်မှာရှိသွားတဲ့လူရဲ့ ကာရိုက်တာဖြစ်တဲ့အတွက် ရိုက်ဖြစ်ခဲ့ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်နေမင်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက် ပါပဲ။ သူ့အနေနဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။

Photo: နေမင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD