AD
AD
AD

ရွှေအိမ်စည်က အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးလက်ခံနေသလို သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေ တဲ့ အနုပညာရှင်ပဲဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအကြောင်း တစေ့တစောင်းကို Duwun Media ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

play

 

'' ဧပြီ၊ မေ လောက်မှာ 25% ဆိုတဲ့ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ရှိပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ အရမ်းကိုချမ်းသာတယ်၊ သူက ဘယ်သူ့ စကားကိုမှနားမထောင်ဘူး ၊ မိဘစကားကိုလည်း နားမထောင်ဘူး၊ ကလပ်တွေသွား အရမ်းကို ဆိုးရွားသောင်းကျန်း တဲ့ကောင်မလေး နေရာကနေပြီးတော့ သရုပ်ဆောင်ရမှာပါ'' လို့ဆိုပါတယ်။

play

 

အသုံးအဖြုန်းကြမ်းတဲ့ကောင်မလေးတစ်ယောက်ဆီကနေရရှိလာမယ့် ပညာပေးသင်ခန်းစာအကြောင်းကိုလည်း အခုလိုပြောပြ ခဲ့ပါတယ်။

'' ဂျပစီဆန်ဆန်လေးပေါ့၊ ကိုယ်ချင်းမစာတတ်ဘူး ပိုက်ဆံကိုအရမ်းဖြုန်းတယ်။ သူလုပ်ချင်တာလုပ်တယ် ဒါဟာလည်းအရမ်းကို ချမ်းသာတဲ့ Populer ဖြစ်တဲ့လူတစ်ယောက်ရဲ့ သမီးပေါ့။ သူ့မှာ သူငယ်ချင်းတွေရှိတယ် နောက်ဆုံးမှာပြန်ပေးဆွဲခံရပြီးတော့ သူတို့ပိုင်တဲ့ ပစ္စည်းတွေရဲ့ 25% ကို ပြန်ပေးဆွဲသွားတဲ့သူတွေက တောင်းတာပေါ့။ တကယ်တော့ ပညာပေးဇာတ်လေးပါ။ ကိုယ့်ရဲ့ အသုံးစရိတ်တွေကို တစ်ယောက်တည်းမသုံးပဲ ပရဟိတလေးတွေ လုပ်တတ်ဖို့ ဆိုတဲ့ ပညာပေးလေးတွေပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ရွှေအိမ်စည့်အနေနဲ့ အခုဆိုရင် လူကြီးလူကောင်းများ ရုပ်ရှင်ဇာတ်ကားကြီးကို စီနီယာအနုပညာရှင်ကြီးတွေနဲ့ ရိုက်ကူးပြီးခဲ့ပါပြီ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုအထင်ကြီးတတ်တဲ့ကောင်မလေး၊ သူငယ်ချင်းတွေအားလုံးထဲမှာ ကိုယ်က သူတို့ထက်သာတယ်ဆိုပြီး စိတ်ကြီးဝင်နေတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ကာရိုက်တာ အဖြစ်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: ရွှေအိမ်စည်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD