AD
AD
AD

သရုပ်ဆောင်ယွန်းယွန်းကတော့ ကျောင်းပညာရေးကြောင့် အနုပညာအလုပ်တွေခဏနားခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ သရုပ်ဆောင် အလုပ်ကိုပြန်လုပ်နေပြီဖြစ်ပါတယ်။ အနုပညာအလုပ်တွေပြန်လုပ်နေတဲ့ သူ့အနေနဲ့ လိုက်ဖက်တဲ့ဇာတ်ကောင်တွေကို ရွေးချယ်ပြီး ရိုက်ကူးသွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အဓိက ကတော့ ညီမနဲ့လိုက်ဖက်တဲ့ ဇာတ်ဖြစ်ဖို့ရယ်၊ ပရိသတ်တွေကြည့်ရတာအဆင်ပြေဖို့ရယ်၊ ရိုးအီနေတဲ့ ဇာတ်ကောင်ပုံစံမျိုးတွေ မဖြစ်အောင် ရွေးချယ်ပြီးရိုက်ကူးသွားမှာပါ။ ညီမက အခုဆိုရင် ၁၈ ပြည့်ပြီးပြီ လူကြီးထဲဝင်လာပြီဆိုတော့ ကလေးထက်စာရင်တော့ ပိုပြီးတော့ ဂရုစိုက်ရမယ်၊ ကာရိုက်တာရွေးချယ်တာတွေ သရုပ်ဆောင်ရတာတွေကအစလေ'' လို့သူကဆိုပါတယ်။

play

 

လူကြီးဇာတ်ရုပ်တွေ ရိုက်လာရတဲ့အခါ ကောင်းတာ၊ဆိုးတာ ဝေဖန်မှုတွေတွက်လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

'' ဝေဖန်လာတဲ့အခါကျရင်လည်း ကလေးကိုဝေဖန်တာနဲ့ လူကြီးကိုဝေဖန်တာ မတူဘူးလေ။ အဲ့ဒီအတွက်လည်း ညီမပြင်ဆင်ထားပါ တယ်။ ဘာပဲလုပ်လုပ် ညီမကတော့ တစ်ယောက်တည်းဆုံးဖြတ်ချက်နဲ့မလုပ်ဘူး မိဘတွေ၊ ဆရာသမားတွေရဲ့ အကြံဥာဏ်တွေကို ယူပြီးတော့လုပ်တဲ့အတွက် အမှားအယွင်းမဖြစ်အောင်တော့ ဂရုစိုက်ပါတယ်'' လို့သူကဆိုပါတယ်။

play

 

၂၀၁၂ခုနှစ်မှာ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ပညာရေးဘက်ကို ပိုပြီးဂရုတစိုက်လုပ်ဖြစ်ခဲ့တာပါ။ အခုဆိုရင်တော့ အနုပညာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်မင်းသမီး အဖြစ် ဇာတ်ကားတွေရိုက်နေပြီလို့ သိရပါတယ်။

Photo: ယွန်းယွန်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD