AD
AD
AD

အခုလက်ရှိ ရုံပြိုင်စနစ်နဲ့ ရုံတင်ပြသနေတဲ့ မုဒြာရဲ့ ခေါ်သံရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးတို့ကို အားပေးခဲ့ပြီး ကြတဲ့ ပရိသတ်တွေအနေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် ဇာတ်ကားအကြောင်းတွေကို အစအဆုံးရေးတင်ကြတဲ့အပေါ် ဒါရိုက်တာခရစ္စတီးနားက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလို တုံ့ပြန်ပြောကြားလိုက်ပါတယ်။

play

 

''ဇာတ်ကား ၂ကားလုံးကို အစအဆုံးရေးပြပြီး ပို့စ်တင်လိုက်ကြတယ်...share ကြတယ်။ ၂ဖက်စလုံးရဲ့ ထုတ်လုပ်သူ စီးပွားထိခိုက် ပါတယ်။ (ဖြစ်ပျက်နေတဲ့ အရာအားလုံး မြင်တွေ့နေရ တဲ့အခါ မှာ ဝမ်းနည်းနေရရုံကလွဲပြီး ဘာမှမစွမ်းသာသူရဲ့ ရင်ဖွင့်သံလေးပါ။)'' ဆိုပြီးတော့ ရေးသားခဲ့တာပါ။

play

 

ဒါရိုက်တာခရစ္စတီးနားခီကတော့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်သူတစ်ယောက်ဖြစ်ပါတယ်။ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးနဲ့အပြိုင် ရုံတင်နေတင်ပြသနေဆဲဖြစ်ပါတယ်။

Photo:ခရစ္စတီးနားခီဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD