AD
AD
AD

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာနဲ့ မောင့်အိမ်သူရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာတွေအပေါ် ဝေဖန်မှု တွေအမျိုးမျိုးနဲ့ရင်ဆိုင်နေရတဲ့ သရုပ်ဆောင်လှယဉ်ကျေးတစ်ယောက် Duwun Media ကနေ အခုလိုဖြေရှင်းချက်ပေးလိုက်ပါတယ်။

play

 

'' မောင့်အိမ်သူဇာတ်ကားထဲက ကာရိုက်တာနဲ့ မုဒြာရဲ့ခေါ်သံ ဇာတ်ကားထဲက ကာရိုက်တာတွေက လုံးဝကို ကွဲထွက်နေတဲ့အတွက် နှစ်ခုစလုံးမှာလည်း မုန်းစရာကောင်းတဲ့ ကာရိုက်တာကိုလည်း မုန်းသလို ဒီဘက်မှာ မြန်မာမိန်းကလေးတစ်ယောက်ပုံစံကိုချစ်တယ် ဆိုတဲ့ အတွက် ကိုယ့်သရုပ်ဆောင်မှုတွေအတွက်ကိုပဲ ဂုဏ်ယူဝမ်းသာမိပါတယ်'' လို့ သူကဆိုပါတယ်။

play

 

မောင့်အိမ်သူဇာတ်ကားကြီးထဲက ကာရိုက်တာအပေါ် မုန်းတီးနေကြတဲ့ ပရိသတ်တွေအနေနဲ့ မုဒြာရဲ့ခေါ်သံဇာတ်ကားကြီးထဲက ကာရိုက်တာကိုလည်းအားပေးစေလိုတယ်လို့ ဆိုပါတယ်။

'' စစချင်းကတော့ စိတ်မကောင်းဖြစ်ပေမယ့် မုန်းစရာကောင်းတဲ့ ကာရိုက်တာမို့လို့မုန်းကြတာလေ၊ ဒီကာရိုက်တာကိုကျတော့ မကြည့် ရသေးဘူးဆိုလည်းလာကြည့်ပြီးတော့ ချစ်တယ်၊ မုန်းတယ် ဝေဖန်ပေးကြပါ။ ဒီဇာတ်ကားမှာက တကယ့်ကို မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ကို ချစ်မြတ်နိုးပေမယ့် ဟိုဘက်မှာကျတော့ အပျော်မယ်မိန်းကလေး၊ သူများမိသားစုကို ဖျက်စီးတာဆိုတော့ အရမ်းကို ဝေးကွာလွန်းတဲ့ ကာရိုက်တာနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ ပြောတဲ့သဘောပါပဲ'' လို့ သူကဆိုပါတယ်။

play

 

လှယဉ်ကျေးဟာ ဒါရိုက်တာဒေါ်သီတာလင်းရိုက်ကူးတဲ့ မောင့်အိမ်သူရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သူများမိသားစုကိုဖျက်စီးပြီး မုန်းစရာ ကောင်းတဲ့ ဗီလိန်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့ပေမယ့် ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးတဲ့ မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကြီးထဲ မှာ တော့ မြန်မာ့ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်တဲ့ မိန်းကလေးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါ တယ်။ ဒီကာရိုက်တာနှစ်ခုအပေါ် ပရိသတ်တွေကလည်း အမျိုးမျိုးဝေဖန်နေကြတာဖြစ်ပါတယ်။

Photo: လှယဉ်ကျေးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD