AD
AD
AD

ဒါရိုက်တာရာဇဝင်ကိုရိုက်ကူးမယ့် မေဂယက်တို့ရပ်ကွက် ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေးအခမ်းအနားကို မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်အောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကြီးနဲ့ပတ်သက်ပြီး ဒါရိုက်တာရာဇဝင်ကို က အခုလိုပြောပြခဲ့ပါတယ်။

play

 

'' အခုရိုက်မယ့် ဇာတ်ကားက မေဂယက်တို့ရပ်ကွက်ဇာတ်ကားပေါ့။ ရပ်ကွက်ထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကို ဟာသလေးနှောပြီးရိုက်မှာပါ။ မတ်လ ၂၁ ရက်နေ့ စရိုက်မယ်။ ရန်ကုန်မှာပဲရိုက်မှာ ဒီတစ်ခေါက် ကျူးကျော်ရပ်ကွက်တွေထဲလည်း သွားရိုက်ဖို့ရှိတယ်'' လို့ ဆိုပါတယ်။

play

 

မေဂယက်တို့ရပ်ကွက်ရုပ်ရှင်ဇာတ်ကားကို ရွှေသံစဉ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးပုံဖော် သွား မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ရန်အောင်၊ မင်းမော်ကွန်း၊ ခန့်စည်သူ၊ ဇေရဲထက်၊ ဇေထူး၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ရွှေမှုန်ရတီ ၊ ဘေဘီမောင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: ခူးခူးဇင်သော်, ရာဇဝင်ကိုဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD