AD
AD
AD

သရုပ်ဆောင်ယဉ်လက် ဟာ သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးကနေ ပရိသတ်အားပေးမှုများစွာရရှိခဲ့သူဖြစ်ပြီး အခုဆိုရင်တော့ ဇာတ်ကားတွေတောက်လျှောက်ရိုက်နေရတာကိုလည်း တွေ့ရပါတယ်။

play

 

ဒါရိုက်တာဆူးခတ်မင်းရိုက်ကူးတဲ့ အလတ်မ ဗီဒီယိုဇာတ်ကားရိုက်ကွင်းနောက်ဆုံးနေ့က အမှတ်တရပုံတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာတင်ခဲ့ပါတယ်။

''အလတ်မ ရဲ့ ချစ်ဈာလေးဖြစ်နေတဲ့ ဟာသတွေ…ဒက်မှာ … ဒက်မှာ … တွေ့တယ်မှလား…ဟာသလေးတွေပြောတတ်တဲ့ နှုတ်ခမ်း လေးက… ကြည့်ပါလား…ကြည့်ပါလား…ဘယ်သူနဲ့မှ မတူဘူး…ဒါလေးက  ဇွဲ ပေးသွားခဲ့တဲ့ အမွေအလတ်မ အဖြစ်ကနေ ယဉ်လက် အဖြစ်ပြန်သွားလိုက်ပါဦးမယ်'' လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သွက်သွက်လက်လက်ရှိလှတဲ့ကောင်မလေးတစ်ယောက်၊ အလတ်မလေး ယောက်ျားဆန်ဆန်နေတတ်တဲ့ မိန်းကလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

play

 

အလတ်မ ဗီဒီယိုဇာတ်ကားကို မျက်ချယ်ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာဆူးခတ်မင်းကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်းအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ယဉ်လက်၊ ပန်းသီး၊ ဇွဲအဖွဲ့ နှင့် တခြား သရုပ်ဆောင် များစွာတို့လည်း ပါဝင်ထားတယ်လို့သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD