AD
AD
AD

ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)ရိုက်ကူးတဲ့ သဲသဲလှုပ်ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်ချစ်တဲ့အနုပညာရှင်တွေနဲ့ မေမြို့မှာ ရိုက်ကွင်းတည်နေတယ်လို့ သိရပါတယ်။

play

 

'' မကြီးစိုးနဲ့ ရွှေမှုံက သားအမိ၊ နေတိုးနဲ့ ရွှေမှုံရတီက ချစ်သူတွေ၊ မကြီးစိုးက သဘောမတူဘူး၊ သူသဘောတူတာက တခြား တစ်ယောက်၊ ဒီလိုပဲဟာသလေးကို အခြေခံပြီးရိုက်ထားတာပါ'' လို့ သူကဆိုပါတယ်။

play

 

သဲသဲလှုပ်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကွင်းမှာ သရုပ်ဆောင်ယွန်းရွှေရည်က ဟော့ပေါ့အလှူဒါနပြုလုပ်ခဲ့တယ်လို့ ပါဝင်သရုပ်ဆောင် ထားတဲ့ နန္ဒကျော်စွာက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

''သဲသဲလှုပ်..အဖွဲ့သားတွေကို Hotpot ဒါနပြုပါသော ညီမလေး ယွန်းရွှေရည် ဒီထက်မကလှူနိုင် ကျွေးနိုင်ပါစေ..အောင်မြင်မှုတွေ လည်း ဒီထက်မကရရှိပါစေ. '' လို့ ဆိုပါတယ်။

play

 

သဲသဲလှုပ်ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးပုံဖော် နေတာဖြစ်ပြီး သရုပ်ဆောင် နေတိုး၊ စိုးမြတ်သူဇာ၊ ရွှေမူံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: နန္ဒကျော် ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD