AD
AD
AD

စားကျက် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်ကြီးရဲ့ အောင်မြေ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဇာတ်ကားကြီးမှာ ပါဝင်ကြမယ့် သရုပ်ဆောင်တွေရဲ့ အမှတ်တရစကားသံတွေကိုလည်း Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

စားကျက်ရုပ်ရှင်ဇာတ်ကားကြီးကို ကိုယ်တိုင်ရိုက်ကူးပုံဖော်မယ့် ဒါရိုက်တာအဖြစ် ဘုဏ်းသိုက်ရဲ့ စကားသံက

'' ဒီဇာတ်ကားက ကျွန်တော်ပြင်ဆင်နေတာ တစ်နှစ်လောက်ရှိပြီ။ ဇာတ်ညွှန်းပိုင်းကို ထုတ်လုပ်သူတွေနဲ့ ရုပ်ရှင်အကြောင်းတွေ ပြော ကြရင်းနဲ့ ဒီဇာတ်လေးကို သူလည်းကြိုက်တယ်ဆိုတာနဲ့ ရိုက်ဖြစ်သွားတာပါ'' လို့ ဆိုပါတယ်။

play

 

သိုးခြံထဲကို မမျှော်လင့်ပဲ ရောက်သွားမယ့် လူစိမ်းတစ်ယောက်ရဲ့ ကာရိုက်တာအကြောင်းကိုလည်း နိုင်းနိုင်းက အခုလိုပြောပြ ခဲ့ပါတယ်။

'' သိုးခြံထဲကို ရောက်သွားတဲ့ လူစိမ်းတစ်ယောက်ပေါ့။ နောက်ပိုင်းကျတော့ သိုးခြံမှာ ဖြစ်ပျက်တဲ့ ဇာတ်လမ်းအကုန်လုံးကို ဝင်ပါသွား တဲ့ ကာရိုက်တာလေးပါ။ ဇာတ်လမ်းအကြောင်းပြောပြလိုက်ရင်လည်း ရိုးသွားမှာစိုးတယ်လေ'' လို့ သူကဆိုပါတယ်။

play

 

သိုးခြံထဲက ကောင်မလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်မယ့် အကယ်ဒမီသက်မွန်မြင့်ကလည်း

'' ကိုဘုဏ်းသိုက်နဲ့က ပထမဆုံးရိုက်ဖူးတဲ့ဇာတ်ကားပါ။ အပြင်မှာလည်း ပထမဆုံးအခုမှတွေ့ဖူးတာပါ။ သူရိုက်တာလေးတွေလည်း ကြိုက်ပါတယ်။ ထွေလာလေးတွေကိုလည်းကြည့်ဖူးတယ်။ သူ့အိုင်ဒီယာလေးတွေနဲ့ အလုပ်ကြိုးစားမှုတွေကိုလည်း ယုံကြည်တယ်'' လို့ဆိုပါတယ်။

play

 

စားကျက်ရုပ်ရှင်ဇာတ်ကားကြီးကို R Square ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာဘုဏ်းသိုက်က မတ်လ ၂၅ ရက်နေ့ကစပြီး ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နိုင်းနိုင်း၊ မင်းဦး၊ ဘုဏ်းသိုက်၊ သက်မွန်မြင့်၊ ချောကလျာတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD