AD
AD
AD

အဆိုတော်ပန်းရောင်ခြယ် က သူ့ရဲ့ တစ်ကိုယ်တော် Solo Album ကို ၂၀၁၈ ခုနှစ်ထဲမှာ ထွက်ရှိနိုင်ဖို့ကြိုးစားနေတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ပန်းရောင်ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေထွက်ဖို့ကြိုးစားနေတုန်းပါ။ အခုဆိုရင် တစ်ဝက်နီးပါးလောက်ပြီးနေပြီ ဒီနှစ်ထဲမှာ သေချာပေါက်ထွက်ဖြစ်အောင်ကြိုးစားသွားမှာပါ'' လို့ဆိုပါတယ်။

play

 

ဖခင်ဖြစ်သူကိုယ်တိုင်ကလည်း တစ်ကိုယ်တော်အခွေထွက်သင့်နေပြီဆိုတဲ့အကြောင်းပြောခဲ့တယ်လို့ဆိုပါတယ်။

'' ဖေဖေကလည်းပြောတယ် သမီး Solo Album လေးလုပ်တော့ ဘာကြောင့်လဲဆိုတော့ သမီးတစ်ကိုယ်တော်အခွေမထွက်ရသေးဘူး။ နောက်ထပ်သီချင်းတွေလည်းထပ်လိုသေးတယ်။ တစ်ကိုယ်တော်အခွေလုပ်မယ်ဆိုရင်လည်း သမီးသွားချင်တဲ့ သီချင်းပုံစံတွေကို သေချာဂရုစိုက်ပြီးလုပ်ပေါ့နော်၊ ပန်းရောင်ကို ညီမလေးရော ဒယ်ဒီရော၊ မေမေရောပါ ပံ့ပိုးပေးကြပါတယ်'' လို့ဆိုပါတယ်။

play

 

ပန်းရောင်ခြယ်ကိုတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ တွဲပြီး Wake Up Daddy ဆိုတဲ့ အခွေကတည်းကနေ ပရိသတ်တွေ အားပေး ခဲ့ကြတာဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေအတွက် မလုပ်ခင်မှာလည်း တခြား Group Song အခွေတွေမှာ ပါဝင်သီဆိုဖြစ်နေပါတယ်။ အွန်လိုင်းကနေ ပရိသတ်ကိုမိတ်ဆက်ပေးလိုက်တဲ့ အသည်းခွဲသူ သီချင်းကလည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပါသေးတယ်။

Photo: ပန်းရောင်ခြယ် ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD