AD
AD
AD

သရုပ်ဆောင်ခန့်စည်သူအနေနဲ့ အခုလက်ရှိ အနုပညာလောကထဲမှာ တောကား၊ မြို့ကားခွဲခြားမှုတွေက ကိုယ်တွေသုံးသပ် ရမယ့် အပိုင်း မဟုတ်တာကြောင့် ပရိသတ်တွေက ဆုံးဖြတ်ရမယ့်အပိုင်းပါလို့ မီဒီယာတွေကနေတဆင့် ပြောပြလိုက်ပါပြီ ။

play

 

'' မြို့ကားပဲဖြစ်ဖြစ်၊ တောကားပဲဖြစ်ဖြစ် ကိုယ်တွေသုံးသပ်ရမယ့် အပိုင်းမဟုတ်ဘူး။ ပရိသတ်က ဆုံးဖြတ်ရမယ့် အပိုင်းပေါ့၊ ဥပမာ ဝက်သားဟင်းကြိုက်တဲ့သူလည်းရှိမယ်၊ ငါးဟင်းကြိုက်တဲ့လူလည်းရှိမယ်။ ငါးအနံ့ကိုမခံနိုင်လို့ မစားတဲ့သူကို အသုံးမကျဘူးလို့ သွားပြောလို့မရဘူး။ ဝက်သားနေ့တိုင်းစားတဲ့လူကလည်း ငြီးငွေ့မှာပဲ ဒီလိုသဘောပါပဲ ဝိရောဓိတွေအများကြီးရှိပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

အရည်အသွေးမြှင့် ဇာတ်ကားကောင်းတစ်ကားဖြစ်လာဖို့ ငွေကြေးက အဓိကလိုအပ်တယ်လို့ဆိုပါတယ်။

'' ဇာတ်ကားကောင်းတစ်ကားဖြစ်လာဖို့အတွက် အဓိက ကတော့ ငွေကြေးလိုပါတယ်။ ဇာတ်ကားကို တကယ်ကောင်းအောင် ရိုက်ချင် တယ်ဆိုရင် ၃ လလောက်နေမှ၊ ၅ လလောက်နေမှ ပြီးချင်ပြီးမယ်၊ ငွေကြေးအင်အားကို တကယ်ပဲ တောင့်တောင့်တင်းတင်း ခံနိုင်ရည်ရှိမယ်ဆိုရင်တော့ အရမ်းအရမ်းကောင်းတဲ့ ဇာတ်ကားတွေ ထွက်ပေါ်လာနိုင်မှာပါ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ခန့်စည်သူရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူး နေရတာ ဖြစ်ပါတယ်။ မကြာခင်ရုံတင်ပြသတော့မယ့် အသည်းကွဲပါတီရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း သူဌေးလေး သတိုး ရဲ့ ကာရိုက်တာ အဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD