AD
AD
AD

မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကြီးထဲက သရုပ်ဆောင်တွေကတော့ ဒီနေ့မှာ ပခုက္ကူကို ခြေဆန့်နေပြီလို့ သိရပါတယ်။ ပရိသတ် အားပေးမှုများစွာ ရရှိခဲ့တဲ့ မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုကလည်း တကယ်ကို အံ့မခန်းပါပဲ။

play

 

'' လေးစားအပ်ပါသော ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများခင်ဗျာ#မုဒြာရဲ့ခေါ်သံ Mudras calling ရုပ်ရှင်ဇာတ်ကားကြီး၏ အနုပညာရှင် များ မှ ပရိတ်သတ်များ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှတ်တရ လက်မှတ်ရေးထိုးသွားပါမည်အားလုံးလာရောက် တွေ့ဆုံဖို့လဲ ဖိတ်ခေါ်ပါတယ် ခင်ဗျ'' ဆိုပြီးတော့ မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကြီး Page ကနေ ဖိတ်ခေါ်စကားဆိုခဲ့ပါတယ်။

play

 

မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကို မတ်လ ၁၆ ရက်နေ့က စပြီးရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြှင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့ပြီး ဖြစ်ပါတယ်။ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း အခုဆိုရင် တောင်ကြီးမြို့၊ မန္တလေးမြို့၊ မုံရွာမြို့တွေမှာရှိတဲ့ ပရိသတ်တွေနဲ့ ဆုံတွေ့ခဲ့ပြီးနောက် မတ်လ ၂၂ ရက်နေ့ ဒီနေ့မှာတော့ ပခုက္ခူ သီဟ (Mega Ace) ရုပ်ရှင်ရုံမှာ နေ့လည် ၁ နာရီ ပရိသတ်တွေနဲ့ ဆုံတွေ့ဖို့ရှိတယ်လို့ သိရပါတယ်။

play

 

မတ်လ ၂၃ ရက်နေ့မှာတော့ နေပြည်တော်မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ နေ့လည် ၁၁ နာရီက စပြီး ပရိသတ်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါ တယ်။ မတ်လ ၂၄ ရက်နေ့မှာတော့ မော်လမြိုင် မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ နေ့လည် ၁၁ နာရီခွဲ ပရိသတ်တွေနဲ့ ထပ်မံတွေ့ဆုံဖို့ အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။

Photo: မုဒြာရဲ့ခေါ်သံ ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD