AD
AD
AD

ပရိသတ်ချစ်တဲ့မအေးသောင်းရဲ့ အစ်မသရုပ်ဆောင်နှင်းဝတ်ရည်သောင်းက ညီအစ်မအချင်းချင်း စကြနောက်ကြတဲ့ အကြောင်းကို မအေးသောင်းက အမျိုးအရင်း နောက်တန်းဖောက်ခြင်း ဆိုပြီးတော့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုရေးတင်ခဲ့ပါတယ်။

play

 

'' ညီအစ်မနှစ်ယောက် အထက်အောက် ဆယ့်လေးလဘဲကွာတော့ အားလုံးက အမြွှာပဲထင်ကြတာ။ မင်းသမီးဖြစ်တော့လည်း တစ်နှစ်ပဲကွာတယ်။ တချို့ပရိသတ်တွေဆို ခုထိနှင်းလား၊ အေးလားမကွဲသေးဘူး၊ ညီအစ်မနှစ်ယောက်မှာ မအေးသောင်း ခေါ်ပေါက်စီပေါ့။ သူက ငယ်ငယ်ထဲက အကြိုက်တစ်မျိုးအရောင်တွေမှာ အဝါရောင်ဆိုအရမ်းကြိုက်တယ်'' လို့ ဆိုပါတယ်။

play

 

အဝါရောင်က လူကြိုက်နည်းပေမယ့် မအေးသောင်းဆီမှာ အဝါတွေချည်းပဲဖြစ်နေလို့ ထူးခြားတယ်တဲ့။

'' အမေက ညီအမသုံးယောက်ကို ဘာပေးပေးဆင်တူပေးတယ်၊ တစ်ယောက်တစ်ခု ဒါဆိုသူက အဝါရောင်အမြဲယူတယ်။ ကိုယ်က အနီရောင်ငယ်မက ပန်းရောင် တကယ်ဆိုအဝါက လူကြိုက်နည်းတဲ့အရောင် သူကတော့ ဘာပစ္စည်းပဲဖြစ်ဖြစ် သူ့မှာအဝါတွေချည်းဘဲ တကယ်ထူးခြားတယ်'' လို့ ဆိုပါတယ်။

play

 

ကျောင်းတက်တုန်းက အမှတ်တရလေးတွေကလည်း တကယ်ကိုပျော်စရာကောင်းခဲ့ပုံပါပဲ။

'' သူနဲ့ကိုယ်က အထက်အောက် ငယ်ငယ်ကကျောင်းတက်တော့ အဖြူအစိမ်းဆို ကိုယ်က စကပ်အပေါ်အကျပေါ့၊ သူ့အတွက်က ဂါဝန် အဲ့ဒါရေချိုးပြီး သူအရင်အဝတ်လဲတယ်။ကိုယ့်ဝတ်စုံကြီးသူယူဝတ်လိုက်ရော ကိုယ်ကအကျသူအဝတ်ဂါဝန်အသေး တိုနံ့နံ့ ဝတ်ရရော၊ ကိုယ်ကတိုနေတော့ အောက်ကို တချိန်လုံးဆွဲချ  ဆွဲချပေါ့ ဒါနဲ့ဆရာမကလည်း အိမ်နဲ့ရင်းနှီးတော့ ရုံးခန်းထဲကို နှစ်ယောက်လုံးခေါ်ပြီး အဝတ်ချိန်းပေးတယ်။ သူက သိပ်မကြိုက်၊ ပွစိပွစိ နဲ့ နှုတ်ခမ်းဆူနေတယ်''လို့ အမှတ်တရတွေ ရေးခဲ့တာပါ။

play

 

ငယ်ငယ်ကတည်းက အလှကြိုက်တတ်တဲ့ မအေးသောင်းအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' တူတာတစ်ခုက အိမ်ကအမြဲတမ်းမုန့်ဖိုးမပေးဘူး၊ မုန့်ဘူး ထမင်းဘူးဘဲထည့်ပေးတာ နှစ်ယောက်လုံးက အဲ့ဒါတွေ သိပ်မစားချင် တော့ဘူး ဆရာမတွေက သိနေတော့ သူတို့ထမင်းဘူးတွေလဲစားပေးရတယ်၊ မုန့်ဘူးလည်း သူတို့စား ကိုယ့်ကို ကျောင်းမုန့်ဈေးတန်း က မုန့်ပြန်ဝယ်ကျွေးတယ်။ သူ့ရဲ့ အကျင့်တစ်ခုက လွယ်အိတ်ထဲမှာ မိတ်ကပ်အလှပြင်ပစ္စည်း မှန်ဘီး မျက်ခုံးမွှေးဆွဲတံအကုန်ပါတယ်။ အခန်းထဲမှာ ခဏခဏ ခိုးပြီး မျက်ခုံးမွှေးဆွဲ အလှပြင်တယ်။ ဆရာမရှေ့မှာစာသင်ရင် သူက မျက်နှာတည့်တည့်မှန်ခိုးထောင်ပြီး ကြည့်နေတာ ဆရာမတွေ့ပြီး သိမ်းတာ ခဏခဏသိမ်းတာခံရတယ်'' လို့ဆိုပါတယ်။

play

 

ရေမွှေးလဲဘယ်လောက်အထိ ကြိုက်သလဲဆိုရင် မူးလဲတဲ့ အထိအောင်ပါပဲ။

'' တစ်ရက်တော့ အိမ်က အဖွားက အဲလစ်စဘက်အာဒန်ရေမွှေးအဆီသုံးတာ ကျောင်းလာခါနီး ကမန်းကတန်းခိုးဆွတ်တာ ဘယ်လောက်ဖြန်းလိုက်လည်းမသိ ကျောင်းရောက်တော့ တစ်တန်းလုံးခေါင်းမူးကုန်တယ်။ သူလဲ မူးလဲလို့ အိမ်ပြန်ပို့ ရေချိုး အဝတ်လဲလိုက်ရတာလည်း အမှတ်တရပေါ့။ သူငယ်ငယ်က သွက်သွက်လက်လက်နဲ့ အဝါရောင် ခရေစီမလေးပေါ့'' လို့ အရွှန်းဖောက်ရေးသားခဲ့ပါတယ်။

play

 

နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့ ညီအစ်မ ၃ ယောက်ဟာ ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေ ပဲဖြစ်ပါတယ်။ အကြီးဆုံးဖြစ်တဲ့ နှင်းဝတ်ရည်သောင်းကတော့ လန်ဒန်မှာ နေထိုင်တာဖြစ်ပါတယ်။ အေးဝတ်ရည်သောင်း လို့ခေါ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော်မအေးသောင်းကတော့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရတာဖြစ်ပြီး ဆွိဝတ်ရည်သောင်း ကတော့ ဂီတဘက်မှာ အောင်မြင်အောင်ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo: အေးသောင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD